ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် (၂၀၁၉)ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များဖြစ်သော မြစ်ရေကာတာများတည်ဆောက်ခြင်းလုပ်ငန်း၊ ကမ်းထိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ခြင်းများအား အလေးထားဆောင်ရွက်လျက်ရှိပြီး သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်များအနက် (၂၀၁၉) ခုနှစ် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များဖြစ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား ပြည်သူများကျယ့်ကျယ့်ပြန့်ပြန့်သိရှိနားလည်စေနိုင်ရန်အတွက် ၂၀၁၉ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့ (၁၅၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးစန်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သစ်တောဝန်ထမ်းများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အသီးသီးမှ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် သစ်တော သစ်ပင်များသည် လူတို့အတွက်များစွာ အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပုံများနှင့် စိုက်ပျိုးရန်လိုအပ်ပုံများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နောင်အနာဂတ် ကျောင်းသား/ ကျောင်းသူများနှင့် ပြည်သူလူထုများအနေဖြင့် နားလည်သဘောပေါက်စေလိုပါကြောင်း၊ သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားနိုင်သည့် ဆိုရိုးရှိသကဲ့သို့ ရှေးယခင်က သစ်တစ်ပင်စိုက်လျှင် ဇရပ်တစ်ဆောင် ဆောက်လုပ်လှူဒါန်းသည်နှင့် တူ၏ဟူသော စကားများကဲ့သို့ သစ်တစ်ပင်ရဲ့အကျိုးကျေးဇူးရရှိပုံများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပုံများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် လူသားအားလုံးတွင် တာဝန်ရှိပါကြောင်းနှင့် လူသားနဲ့ကမ္ဘာမြေတည်မြဲဖို့အတွက် စိုက်ပျိုးသမျှအပင်များ ရှင်သန်ဖို့ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပြီး ကျွန်း(၁၀၀)ပင်၊ ယူကလစ် (၁၀၀)ပင်၊ မန်ဂျင်ရှား(၁၅၀)ပင်၊ မဟော်ဂနီ (၁၅၀)ပင်၊ ခရေ (၃)ပင်၊ သင်းဝင် (၁)ပင်၊ စိန်ပန်း (၁)ပင်၊ စုစုပေါင်း (၅၀၅)ပင်အား အခမ်းအနားသို့တက်ရောက်လာကြသူများဖြင့် ပျော်ရွှင်ကြည်နူးစွာ အတူတကွ ဝိုင်းဝန်းစိုက်ပျိုးခဲ့ကြပါသည်။ Photo by : Wai Zin
03-Jul-2019