ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် အထက(ခွဲ)အလက(၁)မှ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍတစ်ခုဖြစ်သော ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ပညာရေးဝန်ကြီးဌာန၏မူများနှင့်အညီ ဆောင်ရွက်လျက်ရှိကာ မူနှင့်မကိုက်ညီသော်လည်း အမှန်တကယ်ဒေသခက်ခဲ၍ ဖွင့်လှစ်ရန်လိုအပ်သည့် ကျောင်းများကိုလည်း သီးခြားအစီ အစဉ်များဖြင့် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဧရာဝတီ တိုင်းဒေသကြီးအတွင်း အထကကျောင်း(၂၆)ကျောင်း၊အထကခွဲ(၅၈)ကျောင်း၊အလက (၁၃၉) ကျောင်း၊ အလကခွဲ(၉၀)ကျောင်း၊ မူလွန်(၁၄၈)ကျောင်း၊ အမက(၃၂)ကျောင်း၊ အမကခွဲ(၃၂) ကျောင်း၊ စုစုပေါင်း(၅၂၅)ကျောင်းအား အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၁၉ခုနှစ် ဇွန်လ ၂၃ ရက်နေ့ နံနက်(၀၈၃၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် အထက(ခွဲ)အလက(၁)မှ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဧရာ ဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ပညာ ရေးဌာနမှ ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ/ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ပါသည်။ အခမ်းအနားတွင် ပထမပိုင်းအစီအစဉ်အဖြစ် အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းအား ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ဖွင့်လှစ်ပေးခဲ့ကာ ကျောင်းဆိုင်းဘုတ်အား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေတို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်အားကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်ကအဖွင့်အမှာစကားပြောကြားရာတွင်ကျောင်းအဆင့်ဆင့်ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများအားရှင်းလင်းတင်ပြဆွေနွေးခဲ့ပြီး အထက(ခွဲ)အလက(၁)သည် ပညာရေးဌာနမှသတ်မှတ်ထားသောမူများနှင့်ကိုက်ညီမှုရှိသောကြောင့် ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ဖျာပုံမြို့နယ်၌ အထက(၃) ကျောင်း၊အထက(ခွဲ)(၂)ကျောင်း၊ အလက(၂) ကျောင်း၊အလက(ခွဲ)(၅)ကျောင်း၊မူလွန်(၉)ကျောင်း၊အမက(၃)ကျောင်း၊အမက(ခွဲ)(၁)ကျောင်း၊ စုစုပေါင်း(၂၅)ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအားများစွာကျေးဇူးတင်ရှိပါကြောင်း၊အထက(ခွဲ)အလက(၁)ကျောင်းသည်၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာနှုန်း(၄၅.၇၄)%ရရှိတဲ့အတွက် ဖျာပုံမြို့နယ်တွင် ပထမအဆင့်ရရှိတာကိုတွေ့ရှိရပြီး ၃နှစ်ဆက်တိုက် ပထမအဆင့်ရရှိပြီးလူရည်ချွန်ကျောင်းသား၊ကျောင်းသူများအား မွေးထုတ်ပေးနိုင်ခဲ့တဲ့အတွက်မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း၊အစဉ်အလာကောင်းသော ကျောင်းတစ်ကျောင်းအနေဖြင့် မိမိတို့ကျောင်း၏ ဂုဏ်ကျက်သရေကိုဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်နှင့် ဒီထက်မကစိတ်ဓာတ်မြင့်မား၍ စည်းကမ်းကောင်းသော အရည်အသွေးပြည့်မီသော လူရည်ချွန်ကျောင်းသား/ ကျောင်းသူများအား စဉ်ဆက်မပြတ်မွေးထုတ် နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါသည်၊ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသည့်အတွက်များစွာဝမ်းမြောက်ပါကြောင်း၊ ဖျာပုံမြို့နယ်တွင် အထက(၄)သည် အောင်ချက်အကောင်းဆုံး ဖြစ်ကြောင်းသိရှိရသည့်အတွက်ဂုဏ်ယူပါကြောင်း၊ တစ်ဆက်တည်းမှာပဲ ကျောင်းသားမိဘများအားအသိပေးလိုတာကတော့ သိပ္ပံဘာသာရပ်ကို မြန်မာလိုသင်ကြားလို့မရဘူးလားဟု မေးမြန်းချက်များရှိလာ၍ မဖြစ်နိုင်ကြောင်းကြိုတင်အသိပေးထားလိုပါကြောင်း၊ အောင်ချက်မြင့်မားရေးနှင့်ပတ်သက်၍ ဆရာ/ဆရာမများအပြင် ကျောင်းသားများနှင့်မိဘများအပေါ်တွင်မူတည်သကဲ့သို့ ဘာသာရပ်ရွှေးချယ်မှုသည်လည်း အဓိကကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊သို့ဖြစ်ပါ၍ ပညာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့ လမ်းညွှန်မှာကြားခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက ဝမ်းမြောက် မုဒိတာစကားများပြောကြားခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အလံနှင့်အထိမ်းအမှတ်လက်ဆောင် များအား တိုင်းဒေသကြီးပညာရေးမှူးမှ ပြည်ထောင်စု/တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများထံပေးအပ်ခဲ့ပါသည်။ ထို့နောက်ဖျာပုံမြို့နယ်အတွင်းဆင်းရဲနွမ်းပါးကျောင်းသား/ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ကျောပိုးအိတ် (၂၇၅)လုံးအား မြို့နယ်ပညာရေးမှူး ဦးတိုးဝင်းအားထံပေးအပ်လှူဒါန်းခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေက စားပွဲတင်တင်းနစ်ခုံအပါအဝင်ဆက်စပ်အားကစားပစ္စည်း(၁)စုံအား ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံပေးအပ်လှူဒါန်းခဲ့ကာ မိဘဆရာအသင်း နာယက ဦးမျိုးမြင့်က အဖွဲ့ဆောင်ရွက်ချက်များအားတင်ပြ၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူဝင်းကကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
25-Jun-2019