ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို (၅.၆.၂၀၁၉)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တတ်ရောက်ကြပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြားပြီး တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီးမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့ အထိမ်းအမှတ်နေ့ပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့်တွင် ဆုရရှိသုများကိုလည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ အထက်တန်းအဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါသည်။ Photo by : Wai Zin
25-Jun-2019