ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအခမ်းအနားတတ်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအခမ်းအနားအား (၂၂.၅.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀) အချိန်တွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူုများ သတင်းမီဒီယာများတတ်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင်းဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားကာ တတ်ရောက်လာသော သတင်းမီဒီယာများ မှ ကဏ္ဍအလိုက်သိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ကြပြီး ဝန်ကြီးချုပ်မှနိဂုံးချုပ်စကားပြောကြားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Photo By : Wai Zin

22-May-2019