ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်ကျေးရွာအုပ်စု၊ ယိုးဒယားတက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော KG ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

၂၀၁၉ ခုနှစ်၊ မေလ (၁၉)ရက်နေ့၊ (၀၉၀၀)နာရီအချိန်တွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ယိုးဒယားတက်ကျေးရွာအုပ်စု၊ ယိုးဒယားတက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော KG ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှဆရာ/ဆရာမများနှင့်ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။ အခမ်းအနား(ပထမပိုင်း)အစီအစဉ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပညာရေးမှူးနှင့် အလှူရှင်ဦးဘထွန်းတို့မှ KGကျောင်းဆောင်သစ်အား ဖွင့်လှစ်ပေးအပ်ခဲ့ပြီး ကဗျည်းမော်ကွန်းကျောက်စာအားအမွှေးနံသာများပက်ဖြန်းပေးခဲ့ပါသည်။ ထို့နောက် အထကကျောင်း အစည်းအဝေးခန်းမတွင် KG ကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းပွဲ(ဒုတိယပိုင်း)အစီအစဉ်အား ဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူ လေးများမှ (ထာဝရမြန်မာ) သီချင်းဖြင့် အခမ်းအနားအား သီဆိုဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကားပြောကြားရာတွင် ပညာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် စေတနာကိုအရင်းခံ၍ ငွေကြေး အကုန်အကျများစွာ ရင်နှီးမြုပ်နှံ၍ ကျောင်းများတိုးတက်မှ ပညာရေးတိုးတက်မည် ဟူသကဲ့သို့ ပညာရေး ကွက်လပ်ကိုဖြည့်ဆည်းပေးပါသော အလှူရှင်များအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် အစိုးရတို့မှာပင် တာဝန်ရှိသည်မဟုတ်ပဲ ကျောင်းသားမိဘများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် စာရေးဆရာဒေါက်တာမောင်သင်းရေးသားတဲ့ ”မိဘဖြည့်ဆည်းမှုနှင့်ကလေးများပညာရေး”ဆိုတဲ့ ဆောင်းပါးမှာ စာရေးသူပြောခဲ့ဖူးသည့်အတိုင်း ငါ့မိသားစုအတွက် အရေးအကြီးဆုံးအချိန်ဟာ ငါ့သားသမီးအတွက်ပေးတဲ့ အချိန်ပါဘဲဆိုတဲ့အတိုင်းမိဘများအနေဖြင့် သားသမီးများအားလမ်းပြပေးကြဖို့တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးဦးကျော်ဝင်းက အမှာစကားပြောကြားခဲ့ကာ အလှူရှင်မိသားစုဝင်များကိုယ်စား အလှူရှင် ဦးဘထွန်းက ကျောင်းဆောင်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အလှူရှင်များက KG ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ပညာရေးဌာနသို့လွှဲပြောင်းပေးအပ်ခြင်း၊ ကျောင်းဆောင်သစ် အထိမ်းအမှတ်အလံများ ပြန်လည်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကာ ဒေသခံရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ကျောင်းသားကျောင်းသူလေးများက ”ဇာတိမာန်”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်၍ အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။ (အဆိုပါ KG ကျောင်းဆောင်သစ်အား ကျပ် ၂၅၀ သိန်းဖြင့် အလှူရှင်ဦးဘထွန်းနှင့်မိသားစုများက ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်)
22-May-2019