ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အသိပေးဆွေးနွေးပွဲ အခမ်းအနားသို့တတ်ရောက်

ဧရာဝတီတိုင်းဒေသကြီး ၂၀၁၉ ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ပုသိမ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၅.၅.၂၀၁၉)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင်ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့စည်ပင်သာရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာလှမြတ်သွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးအထောက်အကူပြုကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထာသူများ တတ်ရောက်ခဲ့ကြပြီး အခမ်းအနာတွင် ဝန်ကြီးချုပ်ဦးလှမိုးအောင်မှ အဖွင့်အမှာ စကားပြောကြားပေးခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ(်၁)ရပ်ကွက်နှင့်အမှတ် (၂)ရပ်ကွက်အတွင်း ရေနှှုတ်မြောင်းများတူးဖော်ခြင်းနှင့် ပိုးလောက်လန်းကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

Photo : Wai Zin

 

22-May-2019