ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေ ကျပ် (၉၉၉)သန်းဖြင့် သဲကုန်း-ညောင်အိုင် ပန်းတာ (၇၅၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် အိုးဖို-သဲကုန်းကျေးရွာ ဆည်မြောင်းတာတမံအနီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု

၂၀၁၉ ခုနှစ်၊ မေလ (၄)ရက်နေ့၊ (၁၁၀၀)နာရီအချိန် တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စု/တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိ ဌာနဆိုင်ရာများသည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ညောင်အိုင်ကျေးရွာနဘေးရှိ ဧရာဝတီ - ဟင်္သာတတာ တာမိုင် (၂၂ / ၄) - (၂၄ / ဝ)အတွင်း ဧရာဝတီမြစ်ကမ်းပါးအား မြစ်ရေတိုက်စားမှုကြောင့် ယခင်တည်ဆောက်ထားသည့် ရေကာတာဟောင်းမှာ ပျက်စီးယို့ယွင်းလျက်ရှိပြီး ၂၀၁၉ ခုနှစ် မိုးရာသီကာလတွင် မြစ်ရေမြင့်တက်မှုကြောင့် ပြည်သူများ ရေဘေးအန္တရာယ် ကြုံတွေ့မှု မရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေ ကျပ် (၉၉၉)သန်းဖြင့် သဲကုန်း-ညောင်အိုင် ပန်းတာ (၇၅၀၀)ပေ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် အိုးဖို-သဲကုန်းကျေးရွာ ဆည်မြောင်းတာတမံအနီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပြီး ဆည်မြောင်းဦးစီးဌာန ယာယီရှင်းလင်းဆောင်တွင် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများက ပန်းတာတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် မြစ်ချောင်းဖြိုးဌာနယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြဆွေးနွေးမှုအပေါ် (၄.၅.၂၀၁၉)ရက်နေ့ထိ ပန်းတာတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ (၉၇%)ခန့်သာ ပြီးစီးသေးသည့်အတွက် မိုးရာသီမတိုင်မီ အမြန်ဆုံး (၁၀၀%) ပြီးစီးအောင် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ပါသည်။ Photo by : Wai Zin
22-May-2019