ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် သဲကုန်း-ညောင်အိုင်ပန်းတာ (၇၅၀၀)ပေတည်ဆောက်ခြင်းလုပ်ငန်း၊ လူနေအိမ်များအား ရွှေ့ပြောင်းနေရာချထားပေးမှုအခြေအနေနှင့် အိုးဖို-သဲကုန်းကျေးရွာ ဆည်မြောင်းတာတမံအနီး မြစ်ချောင်ဖြိုးဌာနမှ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှု

၂၀၁၉ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ ၁၄၀၀ နာရီအချိန်
တွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ညောင်အိုင်ကျေးရွာနဘေးရှိ ဧရာဝတီဟင်္သတတာ တာမိုင်၂၂ / ၄ - ၂၄ / ၀ အတွင်း ဧရာဝတီမြစ်ကမ်းပါးအား မြစ်ရေတိုက်စားမှုကြောင့် ယခင်တည်ဆောက်ထားသည့် ရေကာတာဟောင်းမှာ ပျက်စီးယိုယွင်းလျက်ရှိပြီး ၂၀၁၉ ခုနှစ် မိုးရာသီကာလတွင် မြစ်ရေမြင့်တက်မှုကြောင့် ပြည်သူများ ရေဘေးအန္တရာယ်ကြုံတွေ့မှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုချထားပေးခဲ့သော ပြည်ထောင်စု အရေးပေါ်ရန်ပုံငွေ ကျပ် (၉၉၉)သန်းဖြင့် သဲကုန်း-ညောင်အိုင်ပန်းတာ (၇၅၀၀)ပေတည်ဆောက်ခြင်းလုပ်ငန်း၊ လူနေအိမ်များအား ရွှေ့ပြောင်းနေရာချထားပေးမှုအခြေအနေနှင့် အိုးဖို-သဲကုန်းကျေးရွာ ဆည်မြောင်းတာတမံအနီး မြစ်ချောင်ဖြိုးဌာနမှ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ပြီး ဆည်မြောင်းဦးစီးဌာန ယာယီရှင်းလင်းဆောင်တွင် ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် မြစ်ချောင်းဖြိုးဌာန ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြဆွေးနွေးမှုအပေါ် နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော ပြည်သူအကျိုးပြုလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေရေး၊ အလေအလွင့်ဆုံးရှူံးမှု အနည်းဆုံးဖြစ်စေရေးနှင့် ရေရှည်အတွက် တောင့်တင်းခိုင်မာသော လုပ်ငန်းဖြစ်စေရေး၊ စေတနာထား ဆောင်ရွက်ရေးတို့အား လမ်းညွှန်မှာကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းများပေါများသည်နှင့်အလျှောက် သဘာဝဘေးမဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည် ဘေးအန္တရာယ်ဖြစ်ပေါ်မှ ဆောင်ရွက်သည်ထက် ပိုမိုထိရောက်သည့်အတွက် တာဝန်ရှိပညာရှင်များအနေဖြင့် ကြိုတင်၍ မြစ်/ချောင်းများအား ကြည့်ရှုစိစစ်ပြီး ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များအား ကြိုတင်အစီရင်ခံတင်ပြကြရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

22-May-2019