ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဇနီးဒေါ်ခင်နှင်းညိုသည် ၁၃၈၀ပြည့်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော်အားဖွင့်လှစ်

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာရိုးရာယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော် ဖွင့်ပွဲအခမ်းအနားအား (၁၃.၄.၂၀၁၉) ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဇနီးဒေါ်ခင်နှင်းညို ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ၊ သံချပ်အဖွဲ့များနှင့် သြင်္ကန် ချစ်မိဘပြည်သူများတတ်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ၁၃၈၀ပြည့်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော်အားဖွင့်လှစ်ပေးခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သြင်္ကန်ပွဲတော်အား အခမ်းအနားတတ်ရောက်လာသူများနှင့့်အတူပါဝင်ဆင်နွှဲခဲ့ပါသည်။

22-May-2019