ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တတ်ရောက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား စတင်တည်ထောင်ခဲ့သည့် (၁၉၄၈) ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ကို ဂုဏ်ပြုသာအားဖြင့် နှစ်စဉ် ဧပြီလ(၇)ရက်နေ့ကို ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ဗဟိုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်များတွင် ကျင်းပလျက်ရှိပါသည်။ ယခု(၂၀၁၉)ခုနှစ် ကမ္ဘာကျန်းမာရေးနေ့ ဆောင်ပုဒ်မှာ ``အရည်အသွေးပြည့်ကျန်းမာရေး လူတိုင်းရအောင်ဆောင်ရွက်ပေး´´ဖြစ်ပါသည်။ ယနေ့(၁၁.၄.၂၀၁၉)ရက်နေ့နံနက်(၀၉:၀၀)အချိန်တွင် ပုသိမ်မြို့၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားကိုကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့
ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးဦးဌေးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်အောင်ဝင်း၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာလှမြတ်သွေးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တတ်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးပြည်သူကျန်းမာ/ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းအောင်မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာကို ဖတ်ကြားကာ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟအောင်မှ UHC အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

ဆက်လက်ပြီးဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးဌာနဝန်ကြီးနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာ/ကုသရေးဦးစီးမှူးတို့မှ စံပြမြို့နယ်ဆေးရုံများနှင့် စံပြတိုက်နယ်ဆေးရုံများသို့ ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး အထိမ်းအမှတ် ပြခန်းငယ်အားလှည့်လည်ကြည့်ရှုခဲ့ပါသည်။

Photo By : Wai Zin

22-May-2019