ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်မြို့နယ်၊ကျွဲဒုံးတိုက်နယ်၊ ကျုံနတ္တော်အုပ်စု၊ ကျုံနတ္တော်ကျေးရွာ၊ မင်္ဂလာမှန်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသခံပြည်သူလူထုများတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ၁၂၀၀အချိန်တွင် မအူပင်ခရိုင်၊မအူပင်မြို့နယ်၊ကျွဲဒုံးတိုက်နယ်၊ ကျုံနတ္တော်အုပ်စု၊ ကျုံနတ္တော်ကျေးရွာ၊ မင်္ဂလာမှန်ကျောင်း၊
ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသခံပြည်သူလူထုများတွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊
တိုင်း / ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျွဲဒုံးတိုက်နယ်ရှိကျေးရွာအုပ်စု(၁၆)အုပ်စုမှ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အဖွင့်အမှာစကားပြောခဲ့ရာတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဝမ်းသာ ပီတိဖြစ်ရပါကြောင်း၊ လက်ရှိအစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည့် ၃ နှစ်တာကာလအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ လက်ရှိအစိုးရအနေဖြင့် စီမံခန့်ခွဲဆောင်ရွက်နေရသည့် ဘတ်ဂျက် အခြေအနေများ၊ အခွန်ကောက်ခံရရှိမှုများနှင့်ဝင်ငွေပေါ်မူတည်၍ ဆောင်ရွက်ရသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အခြေအနေအား ရှင်းလင်းဆွေနွေးခဲ့ပြီး ဒေသခံပြည်သူများမှ တင်ပြဆွေးနွေးလိုသည့်ကိစ္စများအား တင်ပြဆွေးနွေးကြရန်မှာကြားခဲ့ပြီးနောက် မအူပင်မြို့နယ်အတွင်း အသက် ၈၅နှစ်အထက် သက်ကြီးအဖိုးအဖွား ( ၁၁၃၉ )ဦးအတွက် ထောက်ပံ့ပေးငွေ ကျပ်သုံးရာလေးဆယ့်တစ်သိန်းခုနှစ်သောင်း တိတိအားအဖိုးအဖွားများကိုယ်စား အဖိုးအဖွား ၃ ဦးအား ပေးအပ်ခြင်းနှင့်ေ ကျေးရွာသူ/သားများအတွက် အားကစားဆိုင်ရာအထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြချက်များအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက လတ်တလောဖြေရှင်းနိုင်သည့် ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည်ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး လတ်တလောဖြေရှင်းနိုင်ခြင်းမရှိသည့် ကိစ္စရပ်များအား အမြန်ဆုံးစိစစ်ပေးနိုင်ရေး တာဝန်ရှိသူများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

(ပြည်သူများမှ တင်ပြဆွေးနွေးရာတွင် မြို့နယ်နှင့်ဆက်သွယ်သည့်လမ်းမကြီးအား ကောင်မွန်အောင်ဆောင်ရွက်နိုင်ပေးနိုင်ရေးကိစ္စ၊ ပြည်သူထည့်ဝင်ငွေကျပ်သိန်း(၃၀)အားထည့်ဝင်ပြီးစီးသော်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း မရှိသေးသည့်ကျေးရွာမီးလင်းရေးကိစ္စ၊ ကျုံနတ္တော်ကျေးရွာအရှေ့ဘက်ရှိ အောင်ဟိဏ်း-ဆိပ်သာတူးမြောင်းအား ပြန်လည်တူးဖော်ပေးစေလိုခြင်းကိစ္စ၊ မြေနုကျွန်းအား ပုံစံ(၇)ထုတ်ပေးစေလိုခြင်းကိစ္စ၊ ကျောင်းအဆင့်တိုးမြှင့်ပေးစေလိုခြင်းကိစ္စ၊ အမကကျောင်းခွင့်ပြုချထားပေးရန်ကိစ္စ၊ ကျေးလက်ကျန်းမာရေးဌာန ခွင့်ပြုချထားပေးရန်ကိစ္စ၊ စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်သည့်အချိန်ကာလအာ းဖြေလျှော့ပေးနိုင်ရေးကိစ္စ၊ လယ်ယာကဏ္ဍများအတွင်း ကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးစေလိုခြင်းကိစ္စ၊ ငွေကြေးမတတ်နိုင်သူများအတွက် ကိုယ်ထူကိုယ်ထ မီးလင်းရေးစနစ်မျာ းဆောင်ရွက်နေမှုအပေါ် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးကိစ္စ၊ လူမှုရေးပင်စင်ထောက်ပံပေးအပ်နိုင်ရေးကိစ္စ၊ သိမ်းဆည်းမြေများ ပြန်လည်ရရှိရေးကိစ္စ၊ ရေနုတ်မြောင်းတူးဖော်ပေးစေလိုခြင်းကိစ္စ၊ ရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ပေးရန်ကိစ္စများအား ဆွေးနွေးတင်ပြခဲ့ပါသည်။

Photo By : Wai Zin

22-May-2019