ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ မအူပင်မြို့၊ တိုးရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် မအူပင်ခရိုင်နှင့်ဖျာပုံခရိုင်အတွင်းရှိ ပြန်လည်စွန့်လွှတ်သည့် လယ်မြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

­­

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ (၀၅၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ မအူပင်မြို့၊ တိုးရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် မအူပင်ခရိုင်နှင့်ဖျာပုံခရိုင်အတွင်းရှိ စက်မှုဝန်ကြီးဌာနနှင့် ယုဇနကုမ္ပဏီတို့မှ ပြန်လည်စွန့်လွှတ်သည့် လယ်မြေများအား မူလတောင်သူများထံသို့ ပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ (၁၀၂၀)နာရီအချိန်တွင် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဒုတိယသမ္မတဦးဆောင်သော အဖွဲ့နှင့် ညောင်တုန်းမြို့တာပတ်လမ်း တည်ဆောက်ပြီးစီးမှု အခြေအနေအား ကြည့်ရှုခဲ့ပြီး (၁၃၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ဝါသလ - မေဒုံ ပန်းတာ တည်ဆောက်ခြင်းနှင့် ကာကွယ်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ကြည့်ရှုခဲ့ပါသည်။


28-Jun-2016