ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ မဟာသီရိစေတီတော်မြတ်ကြီး၏ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာသီရိစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်း အလှူတော် ငွေပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ ၁၆၃၀ နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ မဟာသီရိစေတီတော်မြတ်ကြီး၏ ဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာသီရိစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံခြင်း အလှူတော် ငွေပေးအပ်လှူဒါန်းပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ဆည်မြောင်းဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် မဟာသီရိစေတီတော်မြတ်ကြီးအား လက်ယာယစ် လှည့်လည်ဖူးမျော်ကြည်ညိုခဲ့ပြီး စေတီတော်မြတ်ကြီးတွင် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့ကာ စေတီတော်ဓမ္မာရုံတွင် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားအား နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မဲဇလီကုန်းမြို့၊ အမှတ်(၂)ရပ်ကွက် ထူပါရုံကျောင်းတိုက်မှ ဆရာတော် ဦးဇာဏိကအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းခဲ့ကာ ဘုရားဂေါပကအဖွဲ့ထံသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မဟာသီရိစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန် အတွက် အလှူငွေ (၅၄)သိန်းကျပ်အား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပေးအပ်လှူဒါန်းခဲ့ပြီး ဘုရားဂေါပကအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားရုတ်သိမ်းခဲ့ပါသည်။

Photo By : Wai Zin

18-Mar-2019