ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ဧက(၂၂၀) စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ရက်နေ့၊ ၁၄၃၀ နာရီအချိန်တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စုတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ဧက(၂၂၀) စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာနမှ ယာယီရှင်းလင်းဆောင်တွင် တောင်သူများနှင့် တွေ့ဆံုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မိုးတက်လမ်းကုမ္ပဏီမှ မန်နေဂျာဒါရိုက်တာ ၊ တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးတို့မှ ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ လိုအပ်သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေများသည် နိုင်ငံတကာအဆင့်မီ လယ်ယာမြေများ ဖြစ်ပေါ်စေရေးနှင့် လယ်ယာခွင်မှ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ စပါးခွံစသည့်များကိုလည်း သွင်းအားစုများအဖြစ် တောင်သူများအတွက် အကျိုးရှိစွာ အကောင်အထည်ဖော်၍ ကြီးပွှားတိုးတက်သော တောင်သူများဖြစ်ကြစေရေး ရည်ရွယ်ဆောင်ရွက်သွားကြရန် တိုက်တွန်းလျှက် စိုက်ပျိုးရေးဌာနမှ နည်းစနစ်များအား လိုက်နာဆောင်ရွက်သွားကြရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းအား မြန်အောင်မြို့နယ်၊ တာခွတဲကြီးကုန်းအုပ်စု၊ ကွင်းအမှတ် (၂၅၀)၊ (၂၅၁) တွင် တောင်သူ (၄၈)ဦး၏ လယ်မြေဧက (၂၁၉.၈၈)ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခင်အကွက်ပေါင်း (၄၃)ကွက်အား စနစ်ကျဧကကွက် (၂၀၉)ကွက်အဖြစ်ေ ပြောင်းလဲဖော်ထုတ်၍ မြေပြင်အနိမ့်အမြင့် ချိန်ညှိခြင်းလုပ်ငန်းများအား (၁.၃.၂၀၁၉)ရက်နေ့မှစ၍ မိုးတက်လမ်းကုမ္ပဏီမှ လုပ်ငန်းတန်ဖိုး (၃၀၅.၂၀)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကာ (၃၀.၃.၂၀၁၉)
ရက်နေ့တွင် လုပ်ငန်းအားလုံး (၁၀၀)ရာခိုင်နှုန်း ပြီးစီးမှာဖြစ်ပါသည်။

Photo By : Wai Zin

18-Mar-2019