ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ပန်းတိုးကျေးရွာ(အမက)ကျောင်းတွင် ကျင်းပပြုလုပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ၁၇ ရက်နေ့၊ ၁၂၁၅ အချိန်တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ပန်းတိုးကျေးရွာ(အမက)ကျောင်းတွင် ကျင်းပပြုလုပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အမှာစကားပြောကြားခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၏ အရေးပါပုံများနှင့် နိုင်ငံသားတစ်ဦး၏ ရသင့်ရထိုက်သည့် အခွင့်အရေးဖြစ်သောကြောင့် လက်ဝယ်ကိုင်ဆောင်နိုင်ရေး၊ ယခုကဲ့သို့ ဆောင်ရွက်ပေးမှုအပေါ်
ပြည်သူများအနေဖြင့်လည်း တန်ဖိုးထား ထိန်းသိမ်းဆောင်ရွက်၍ နောင်လာနောက်သားများအတွက်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ပုံစံ ၆၆/၆ များအား ဆောင်ရွက်ပေးကြပါလို့ အသိပညာပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားအင်အားဆိုင်ရာဦးစီးမှူးရုံး၊ တိုင်းဦးစီးမှူးမှ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားအင်အားဆိုင်ရာဦးစီးမှူးရုံး အနေဖြင့် ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများအား စီမံချက်များရေးဆွဲ၍ လွယ်ကူစွာဖြင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိပါကြောင်းနှင့် ယခုသစ္စာစီမံချက်(၂)ဖြင့် ယခုလို ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေးအပ်ခဲ့ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားအင်အားဆိုင်ရာဦးစီးမှူးရုံးမှ (၁၆.၃.၂၀၁၉) မှ (၁၇.၃.
၂၀၁၉)ရက်နေ့အထိ သစ္စာစီမံချက်(၂)ဖြင့် ထောက်ကြန့်အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိပြီး ထောက်ကြန့်အုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံး/
/လဲလှယ်/အသစ်ပြုလုပ်သူများရှိပြီး ကတ်ပေါင်း (၁၁၀)ထိ ဆောင်ရွက်ပေးလျှက်ရှိကာ (၁၇.၃.၂၀၁၉)ရက်နေ့ ညနေထိလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

Photo By : Wai Zin

18-Mar-2019