ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စု၊ ဒီဒုတ်ကုန်းကျေးရွာတွင် ဒေသခံပြည်သူများဖြင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ ၁၀၀၀ အချိန်တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စု၊ ဒီဒုတ်ကုန်းကျေးရွာတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများဖြင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

တွေဆုံပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် တင်ပြဆွေးနွေးလိုသည့် အကြောင်းအရာများအား ဆွေးနွေးပေးပါရန် ပြောကြားခဲ့ပြီး ဒေသခံပြည်သူများအနေဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ပေးရေးနှင့်ပတ်သက်သည့်ကိစ္စ၊ လျှပ်စစ်မီးရရှိရေးကိစ္စ၊ စာသင်ကျောင်း ပျက်စီးဟောင်းနွမ်းနေမှုအခြေအနေအပေါ် ပြုပြင်မွမ်းမံပေးစေလိုခြင်းကိစ္စ၊ ကရင်တိုင်းရင်းသားရေးရာကိစ္စ၊ တောင်သူလယ်သမားအနေဖြင့် ရာသီဥတုဒဏ်နှင့် ကြွက်တိရိစ္ဆာန်များသည်(စပါး၊ပဲ)များ ဖျက်စီးခံရမှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများအား အတိုးရှင်းစနစ်ဖြင့် နှစ်ရှည်ချေးပေးစေလိုခြင်းကိစ္စ၊ မြစ်ရေတင်စီမံကိန်းကိစ္စနှင့်ပတ်သက်၍ ဧရာဝတီမြစ်
ရေကာတာအား အရည်အသွေး ပြည့်မီအောင်ဆောင်ရွက်ပေးနိုင်ရေးနှင့် စီမံကိန်းလုပ်ငန်းကဝန်ထမ်းများမှ လုပ်ငန်းသုံးသစ်များအား ရောင်းချနေကြောင်းနှင့်ပတ်သက်၍ တင်ပြမှုအပေါ် တည်/ကော် ကွင်းဆင်းစစ်ဆေးပေးမည်ဖြစ်ပြီး အလွှဲသုံးစားမှုများရှိပါက
အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊

တိုက်နယ်ကျန်းမာရေးဆေးရုံတစ်ခု ဆောက်လုပ်
ပေးစေလိုပါကြောင်း တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လတ်တလော ဖြေရှင်းဆောင်ရွက်နိုင်မည့်အကြောင်းအရာများအပေါ် ပြန်လည်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူအဆင့်ဆင့်မှ စိစစ်တင်ပြရမည့် ကိစ္စများအား အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း
ဆောင်ရွက်ပေးခဲ့ပါသည်။

Photo By : Wai Zin

 

18-Mar-2019