ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီး အတွင်းတောဆင်ရိုင်းများကို တရားမဝင်အမဲလိုက်သတ်ဖြတ် ကုန်သွယ်လုပ်ငန်း လုပ်ဆောင်နေမှုများကို စွမ်းစွမ်းတမံ ဖမ်းဆီးဖော်ထုတ်အရေးယူဆောင်ရွက်သူများအား ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားတတ်ရောက်

မြန်မာနိုင်ငံအတွင်း တောဆင်ရိုင်းများအပါအဝင် အခြားတောရိုင်းတိရိစ္ဆာန်များ တရားမဝင်သတ်ဖြတ်ခံနေရမှု၊ တရားမဝင်ကူးသန်းရောင်းဝယ်မှု၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်မှုများအား ပြည်သူလူထုမှ သိရှိလာပြီး ပိုမိုပူးပေါင်းကူညီဆောင်ရွက်လာစေရေးအတွက် တောဆင်ရိုင်းများကို ထိန်းသိမ်းကာကွယ်ရေးကို စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့ကြသော ဝန်ထမ်းများ၏ စိတ်နေသဘောထားများကို အားပေးအားမြှောက်ပြုခြင်း၊ ချီးကျူးးဂုဏ်ပြုခြင်းများပြုလုပ်မှသာ အနာဂတ် ထိန်းသိမ်းရေးကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းတောဆင်ရိုင်းများကို တရားမဝင်အမဲလိုက်သတ်ဖြတ် ကုန်သွယ်လုပ်ငန်း လုပ်ဆောင်နေမှုများကို စွမ်းစွမ်းတမံ ဖမ်းဆီးဖော်ထုတ်အရေးယူဆောင်ရွက်သူများအား ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားကို (၁၅.၃.၂၀၁၉)ရက်နေ့ ( ၁၄:၀၀)အချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဒုဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများတတ်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး တောရိုင်းတိရိစ္ဆာန်ထိနိးသိမ်းရေးမိတ်ဆွေများအသင်း အမှုဆောင်ဒါရိုက်တာ ဦးမြင့်အောင်မှ ကျေးဇူးတင်စကားပြောကြားကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တောရိုင်းတိရိစ္ဆာန် ကာကွယ်ရေးလုပ်ငန်းများအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွ့ဲဝင်များအား ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။

Photo By : Wai Zin

15-Mar-2019