ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်သော ``ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့´´အခမ်းအနားသို့ တတ်ရောက်

စားသံုံးသူအကာအကွယ်ပေးရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျှက်ရှိရာမှာ စားသုံးသူပြည်သူများကို အသိပညာပေးဟောပြောခြင်း၊ ဈေးများ/ကျောင်းများ၊ စတိုးဆိုင်များသို့ စားသုံးသူအား ထိခိုက်နိုင်မည့် စားသောက်ကုန်အပါအဝင် ကုန်စည်များရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခြင်းနှင့် တိုင်ကြားစာများအားလက်ခံဖြေရှင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့(၁၅.၃.၂၀၁၉)ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်သော ``ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့´´အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ USAID အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့များတတ်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် USAID မှ တာဝန်ရှိသူတစ်ဦးတို့မှ``ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့´´အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက်စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် USAID မှ တာဝန်ရှိသူတစ်ဦးတို့မှ နှုတ်ခွန်းဆက်စကားပြောကြားကာ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ Photo By : Wai Zin  
15-Mar-2019