ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီးဒေါ်ခင်နှင်းညိုသည် ဇလွန်မြို့ မာရ်အောင်မြင်မြတ်စွာဘုရားကြီး၏ ၁၃၈၀ပြည့် နှစ် "ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ” အခမ်းအနားသို့ \တက်ရောက်

၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ရက်၊ ကြာသပတေးနေ့ နံနက် (၀၇၄၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ မြောက်ဘက်စောင်းတန်းမုခ်ဦးရှေ့၌ ကျင်းပပြုလုပ်သော ဇလွန်မြို့ မာရ်အောင်မြင်မြတ်စွာဘုရားကြီး၏ ၁၃၈၀ပြည့် နှစ် "ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ” အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီးဒေါ်ခင်နှင်းညို ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘုရားဂေါပကအဖွဲ့များနှင့် ဝတ်ရွတ်အသင်းများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဗုဒ္ဓပူဇနိယပွဲတော်မုခ်ဦးအား အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော် ဒုဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဘုရားဂေါပကဥက္ကဋ္ဌတို့နှင့်အတူ ဖွင့်လှစ်ပေးခဲ့ကာ ဂန္ဓကုဋိတိုက်အတွင်းတွင် ပုဒ္ဓပူဇနိယပွဲတော်အား ဆရာတော်သံဃာတော်များ၏ ဦးဆောင်မှုဖြင့် နမောတဿသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဘုရားအမှူးပြုသော ဆရာတော်သံဃာတော်များထံသို့ ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်မြောက်ရေးနှင့်ပတ်သက်ပြီး သာသနာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား လျှောက်ထားခြင်း၊ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သြဝါဒကထာများနှင့် ပရိတ်တရားတော်များ နာကြားခဲ့၍ ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထု ဒါတဗ္ဗအစုစုကို ဆက်ကပ်လှူဒါန်းခဲ့ကာ ရေစက်သွန်းချခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။

ထို့နောက် ဘုရားဂေါပကအဖွဲ့ထံသို့ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေ (၅၀၀၀၀) ကျပ်အား လှူဒါန်းခြင်း၊ မာရ်အောင်မြင်မြတ်စွာဘုရားကြီးအား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဘုရားကြီး၏ဧည့်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခြင်း၊ ဘုရားတွင် ရေသပ္ပါယ်၍ ပန်း၊ ရေချမ်းနှင့် ဆီမီးများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကာ ဘုရားရင်ပြင်တော်ပေါ်မှ စေတီတော်မြတ်ကြီးအား လက်ယာယစ် လှည့်လည်ဖူးမြော်ကြည်ညိုခဲ့ပါသည်။

Photo By : Wai Zin

15-Mar-2019