ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံဖြိုးတိုးတတ်မှုစီမံကိန်း(MSDP)နှင့် စီမံကိန်းဘဏ်(Project Bank)ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ တတ်ရောက်

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေမှာ ဝန်ကြီးဌာနအလိုက် စီမံကိန်းများ၊ ကဏ္ဍအလိုက် စီမံကိန်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဒေသန္တရစီမံကိန်းများစသည်ဖြင့် အမျိုးမျိုးသော စီမံကိန်းများအား သဟဇာတဖြစ်စေရန် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan- MSDP)ကို နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂)ချက်၊စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ(SDGs)၊ မဲခေါင်ဒေသအတွင်း မဟာဗျူဟာမူဘောင်၊ အာဆီယံစီးပွားရေး အသိုက်အဝန်း၊ အခြားသော ဒေသအတွင်း ကတိကဝတ်၊ သဘောတူညီချက်များနှင့်ကိုက်ညီစေရန်၊ မဏ္ဍိုင်(၃)ရပ်၊ ပန်းတိုင်(၅)ခု၊ မဟာဗျူဟာ(၂၈)ခုနှင့် လုပ်ငန်းအစီကစဉ်(၂၅၁)ခုဖြင့် ရေးဆွဲထားသကဲ့သို့ MSDP တွင် ပါဝင်သော အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်မည့်ပုံစံ၊ အစိုးရဌာနများမှ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံ၊ ဖွံ့ဖြိုးမှုအကူအညီများဖြင့် ဆောင်ရွက်မည့်ပုံစံ၊ အခြားထောက်ပံ့မှုပုံစံများဖြင့် ဆောင်ရွက်မည့် စီမံကိန်းများအား``စီမံကိန်းဘဏ် (Project Bank)´´တွင် ထည့်သွင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးမှ (၃၀.၁၁.၂၀၁၈)ရက်စွဲပါ ညွှန်ကြားချက်အမှတ်(၂/၂၀၁၈)ဖြင့် စီမံကိန်းဘဏ် (Project Bank)ဆိုင်ရာ ညွှန်ကြားချက်အား ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

(၉.၃.၂၀၁၈)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံဖြိုးတိုးတတ်မှုစီမံကိန်း(MSDP)နှင့် စီမံကိန်းဘဏ်(Project Bank)ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် စီမံကိန်းရေးဆွဲရေးဌာနနှင့် မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းမှ ပညာရှင်းများနှင့်အတူ တတ်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ဖွံ့ဖြိုးမှုအဖွဲ့အစည်း (MDI)မှ Senior Operation Specialistဒေါ်သီတာနွဲ့က(MSDP)နှင့် (Project Bank)တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊Project Evaluation Specialist ဒေါက်တာစိုးခိုင်မှ စီမံကိန်း အဆိုပြုလွှာတင်မည့် ပုံစံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းများပြုလုပ်ကာ တက်ရာက်လာသူများမှ သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများမှပြန်လည်ဖြေကြားပေးခဲ့ကြပါသည်။

15-Mar-2019