ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီးဒေါ်ခင်နှင်းညိုတို့သည် ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ တတ်ရောက်

နှစ်စဉ်မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများအား နိုင်ငံတကာမှ အလေးထားကျင်းပလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှ စတင်ပြီး နှစ်စဉ်နိုင်ငံတစ်ဝန်းရှိ အမျိုးသမီးများ ပါဝင်ဆင်နွှဲနိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျင်းပနေပြီဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ ခွင့်တူညီရေး စဉ်းစားလို့ စွမ်းရည်မြှငိ့ရေးအလေးပေးဖို့၊ ပြောင်းလဲမှုကိုဖန်တီးစို့ Think equal, build smart, innovate for change ဖြစ်ပါသည်။

(၈.၃.၂၀၁၉)နံနက်(၀၈:၀၀)အချျိတွင် ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့်ဇနီးဒေါ်ခင်နှင်းညိုတို့သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးနှင့်ဇနီး၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်ဇနီး၊ စည်ပင်သာယာရေးဝန်ကြီးနှင့်ဇနီး၊ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အမျိုးသမီးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမျိုးသမီးစွမ်းဆောင်ရှင်များ၊ အသင်းအဖွဲ့ဝင်များ၊ သူနာပြုသင်တန်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆုရအမျိုးသမီးများနှင့်အတူ အခမ်းအနားသို့တတ်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အမျိုးသမီးများအကြမ်းဖက်မှုနှင့်ပတ်သက်သော အသိပညာပေး ဗွီဒီယိုပြသခြင်း၊ အသိပညာပေး ပြဇာတ်တင်ဆက်ခြင်းများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးမှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ လူမှုရေးဝန်ကြီး၊ စာရင်းစစ်ချုပ်၊ တတ်ရောက်လာသောဝန်ကြီးများ၏ဇနီးများ၊ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၏ဇနီးတို့မှ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများချီးမြှင့်ပြီး အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အမျိုးသမီးများ၏ ကုန်ထုတ်လက်ရာများအား ကြည့်ရှုအားပေးခဲ့ပါသည်။

Photo By : Wai Zin

08-Mar-2019