ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ပုသိမ်မြို့ရှိ စာစစ်ဌာနများတွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စီမံဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှတာဝန်ရှိသူများနှင့်အတူ (၆.၃.၂၀၁၉)ရက်နေ့၊ နံနက်(၀၈:၄၅)နာရီအချိန်တွင် ပုသိမ်မြို့ရှိ စာစစ်ဌာနများတွင် ကျင်းပပြုလုပ်လျက်ရှိသော ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် စီမံဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် စာစစ်ဌာနပေါင်း (၂၇၀)ခု ရှိပြီးဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၄၁၄၃၀)ဦးနှင့် ကျောင်းသူ (၅၃၅၁၂)ဦး၊ စုစုပေါင်း (၉၄၉၄၂)ဦးရှိပါသည်။

08-Mar-2019