ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ကန်ကြီးထောင့်မြို့၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်မြောက်မွေးနေ့ မင်္ဂလာ သစ်ပင်စိုက်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၉)ရက်နေ့ နံနက် (၀၈၁၅)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ (၇၁)နှစ်မြောက်မွေးနေ့ မင်္ဂလာ သစ်ပင်စိုက်ပွဲ အခမ်းအနားတက်ရောက်ခဲ့ပြီး အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးကာ ကန်ကြီးထောင့်မြို့၊ ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသခံလူနာများအား အားပေးစကား ပြောကြားခဲ့ပါသည်။

22-Jun-2016