ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တောင်စုကျေးရွာ၌ ကျင်းပပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးOKအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂.၃.၂၀၁၉)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဒုတိယဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တောင်စုကျေးရွာ၌ ကျင်းပပြုလုပ်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံမှပေးပို့သော သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဖတ်ကြား၍ နိုင်ငံတော်ဒုတိယသမ္မတ(၂)မှ တောင်သူလယ်သမားနေ့အဖွင့်မိန့်ခွန်းပြောကြားခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သော ထူးချွှန်တောင်သူများနှင့် ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းများကို ဆောင်ရွက်ကြရာ နိုင်ငံတော်ဒုတိယသမ္မတမှ ထူးချွန်တောင်သူ(၅)ဦးအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ထူးချွန်တောင်သူ(၅)
ဦးအားလည်းကောင်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ထူးချွန်ဝန်ထမ်း(၆)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးမွေးမြူရေး သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ ထူးချွန်ဝန်ထမ်း(၅)ဦးနှင့် ဟင်္သတခရိုင်အတွင်း
တောင်သူများ၏ ပြောင်းသီးနှံစိုက်ခင်းတွင် ငမြှောင်တောင်ဖျက်ပိုးကျရောက်မှုအပေါ် ကောင်းကင်ဆေးဖျန်းစက်(၄)စီးဖြင့် စိုက်ဧရိယာ(၁၅၄၆)ဧကအား ဆေးဖျန်းပံ့ပိုးကူညီခဲ့သော Advanced Agricultural
Engineering (AAE)ကုမ္ပဏီအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။

စွန့်လွှတ်မြေများအား တောင်သူများ လက်ဝယ်သို့ လုပ်ပိုင်ခွင့်လက်မှတ်များပေးအပ်ခြင်းအစီအစဉ်တွင် ပန်းတနော်မြို့နယ်၊ ယုဇနကုမ္ပဏီမှ ထပ်မံစွန့်လွှတ်သည့် (၆၃၆)ဧကအား တောင်သူ(၁၀၃)ဦးကိုယ်စား တောင်သူတစ်ဦးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေးအပ်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ မြောင်းမြမြို့နယ်၊ ခလရ(၉၃)
မှ ပြန်လည်စွန့်လွှတ်သည့် (၂၀၉ )ဧကအား တောင်သူ (၆၆)ဦးကိုယ်စာ းတောင်သူတစ်ဦးအားလည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ကြံခင်းမြို့နယ်၊ မက်သနောစက်ရုံမှ ပြန်လည်စွန့်လွှတ်သည့် (၄၈၁)ဧကအား တောင်သူ (၁၅၇) ဦးကိုယ်စာ းတောင်သူတစ်ဦးအားလည်းကောင်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ရေကြည်မြို့နယ်၊ ခလရ(၃၆)မှ ပြန်လည်စွန့်လွှတ်သည့် (၈၄)ဧကအားတောင်သူ(၂၉)ဦးကိုယ်စားတောင်သူတစ်ဦးအားလည်းကောင်း ပေးအပ်ခဲ့ကြပြီး လုပ်ပိုင်ခွင့်ပြုလက်မှတ်ပြန်လည်ရရှိသည့် တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

04-Mar-2019