ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တောင်သူလယ်သမားနေ့ အခမ်းအနား မုခ်ဦးနှင့် ဌာနဆိုင်ရာပြခန်းများ၊ တောင်သူပညာပေး စိုက်ပျိုးရေး သွင်းအားစု ပြခန်းများအား လှည့်လည်ကြည့်ရှု

(၂.၃.၂၀၁၉)ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့၊ တောင်စုကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည့်ဖြစ်ရာ (၁.၃.၂၀၁၉)ရကေ်န့၊ နံနက် (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာမာျးနှင့်အတူ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် တောင်သူလယ်သမားနေ့ အခမ်းအနား မုခ်ဦးနှင့် ဌာနဆိုင်ရာပြခန်းများ၊ တောင်သူပညာပေး စိုက်ပျိုးရေး သွင်းအားစု ပြခန်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတိုံမှ ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာ ပြခန်းများ ၊ တောင်သူပညာပေး စိုက်ပျိုးရေး သွင်းအားစု ပြခန်းများ၊ ကုမ္ပဏီများက ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ထို့နောက် တောင်သူလယ်သမားနေ့ အခမ်းအနား ကြိုတင်ပြင်ဆင်နေမှုများအား ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများက အခမ်းအနား ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

Photo By : Wai Zin

 

04-Mar-2019