ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်ကြီးသို့ ရောက်ရှိ၍ ဇေယျသေနနဂါးမင်းအား နဂါးစာကျွေးခြင်း ပြုလုပ်ခဲ့ပြီး ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာတော်သံဃာတော်ရှင်မြတ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာ့နုဂ္ဂဟအသင်းဗဟိုဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေ၊ ပြည်သူများနှင့်အတူ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်ကြီးသို့ (၁၉ .၂.၂၀၁၉)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် ရောက်ရှိ၍ ဇေယျသေနနဂါးမင်းအား နဂါးစာကျွေးခြင်း ပြုလုပ်ခဲ့ပြီး ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အခမ်းအနား ဖွင့်လှစ်ပေးခဲ့ပြီးနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့်အတူ ဆံတော်ရှင်မြတ်မော်စေတီတော်ကြီး ရင်ပြင်တော်ရှိ မဟာမင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်သည့် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက်၍ ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းပွဲ၊ ပန်း၊ ရေချမ်း၊ မုန့်ဖြူ၊ မုန့်နီ၊ သစ်သီး(၉)မျိုး၊ ပန်း(၉)မျိုးဆက်ကပ် လှူဒါန်းပြီ းစေတီတော်မြတ်ကြီးအား လက်ယာရစ်ပတ်၍ လှည့်လည်ပူဇော်ခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်လှစ်ပွဲ ရေစက်ချမဟာမင်္ဂလာ အခမ်းအနားသို့ ရောက်ရှိ၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခြင်း၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာမျာ းလျှောက်ထားရာတွင် တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ ပင့်ဆောင်လာသော ဗုဒ္ဓဆံတော်များအနက်မှ ဆံတော်(၂)ဆူကို ဇေယျသေန နဂါးမင်းမှတန်ခိုးဖြင့်ရရှိခဲ့ပြီး ရှေးအခေါ် သရနတောင် ယခုအခေါ် မော်တင်တောင်စွန်း၌ သမုဒ္ဒရာအတွင်းမှ ထုတ်ယူအပ်သော မြသား ရတနာတို့ဖြင့် စိုင်းတမော့အရွယ်ရှိ စေတီတော်ကို နတ်နဂါးဆင်ဖြူတော်အပေါင်းခြံရံလျှက် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ဆံတော်ဓာတ်နှစ်ဆူကို ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ဘုရားရှင်ကိုယ်တော်တိုင် (၂)ကြိမ်ကြွရောက်ချီးမြှင့်ခဲ့သော နေရာဌာနသာသနာ့အောင်မြေ မြန်မာနိုင်ငံ၏ အခြေခံဌာနဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီးကို ယနေ့အချိန်ထိ(၅)ကြိမ် ပြုပြင်မွမ်းမံပြင်ဆင်ကိုးကွယ်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲများကိုလဲ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ သက်တော်ထင်ရှားမြတ်စွာဘုရားအား ဂုဏ်တော်ထုံမွှမ်းပုံတော်မှန်း၍ ရှစ်ခိုးပူဇော်ခြင်းမြတ်တရားတော်အတိုင်း ကျင့်သုံးလိုက်နာခြင်း၊ ရဟန်းသံဃာတော်အရှင်သူမြတ်တို့ကို ပစ္စည်း(၄)ပါးထောက်ပံ့လှူဒါန်းခြင်းတို့ဖြင့် ရတနာမြတ်သုံးပါးတို့အား ဆည်းကပ်ပူဇော်ကာ ဆရာဒကာရေနှင့်ကြာပမာလက်တွဲညီညာစွာဖြင့် ဆောင်ရွက်သွားကြပါက သာသနာတော်အရှည်ခံ့၍ တည်တံ့နေမည်ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ညီညာပွားတိုးဘက်စုံဖွံ့ဖြိုးစည်ပင်၍ ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ပါကြောင်း လျှောက်ထားခဲ့ပြီ းရေစက်သွန်းချအမျှပေးဝေကာ ရွှေမိုးငွေမိုးရွာသွန်းခဲ့ပါသည်။
22-Feb-2019