ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကန်သာယာကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၂.၂.၂၀၁၉)ရက်နေ့၊ နံနက်(၀၇၀၀)နာရီအချိန်တွင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ၊တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ကန်သာယာကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်၊ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့တက်ရောက်ကာ နိုင်ငံတော်သမ္မတမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် အပြေးပြိုင်ပွဲဆုရရှိသူများအား ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေ့လယ်(၁၃၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌် ကျင်းပပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် စကားဝိုင်းဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲသို့ တက်ရောက်၍ ဝန်ကြီးချုပ်မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲကျင်းပနေမှုများအားကြည့်ရှုအားပေးခဲ့ပါသည်။

22-Feb-2019