ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၅၀ - ၂၅၁)၊ ဧရိယာ (၂၁၉.၈၈)ဧက၊ တောင်သူဦးရေ (၄၈)ဦး၊ ကွန်ချောင်းဆည် ရေသောက်လယ်ဧက (၂၂၀)၊ စံပြစက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းအား လှည့်လည်ကြည့်ရှု

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေ (၇၀)ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုသူများဖြစ်သည်။ စိုက်ပျိုးရေးကို အခြေခံ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးသည်လည်း အခြေခံလိုအပ်ချက်တစ်ခု ဖြစ်ပါသည်။ အစိုးရသစ်လက်ထက်တွင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားနှင့် လူနေမှုဘဝမြှင့်တင်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီချုပ် ဦးလှမိုးအောင်သည် (၆.၂.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ၊ ဝါဝါဝင်း ကုမ္ပဏီဥက္ကဋ္ဌ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ၂၀၁၈ - ၂၀၁၉ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း အသုံးစရိတ်ကျပ် (၃၀၂၅)သိန်းဖြင့် မိုးတက်လမ်းကုမ္ပဏီမှ တင်ဒါအောင်မြင် ဆောင်ရွက်လျက်ရှိသော မြန်အောင်မြို့၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၅၀ - ၂၅၁)၊ ဧရိယာ (၂၁၉.၈၈)ဧက၊ တောင်သူဦးရေ (၄၈)ဦး၊ ကွန်ချောင်းဆည် ရေသောက်လယ်ဧက (၂၂၀)၊ စံပြစက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းအား လှည့်လည်ကြည့်ရှုကာ စက်မှုလယ်ယာဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ စံပြစက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ တင်ပြချက်အပေါ် လိုအပ်သည်များ မှာကြားခဲ့ပြီး အခမ်းအနား တက်ရောက်လာသော တောင်သူများအား စံပြစက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

Photo By : Wai Zin

 

22-Feb-2019