ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကျင်းပပြုလုပ်သည့် လေးမျက်နှာ-ခတ္တူ- ပန်းတောကြီး လမ်းပေါ်ရှိငဝန်တံတား (လေးမျက်နှာ)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃.၂.၂၀၁၉)ရက်နေ့တွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကျင်းပပြုလုပ်သည့် လေးမျက်နှာ-ခတ္တူ- ပန်းတောကြီး လမ်းပေါ်ရှိငဝန်တံတား (လေးမျက်နှာ)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

အခမ်းအနား၌ ဒုတိယသမ္မတမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှ တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကာ ဒေသခံပြည်သူတစ်ဦးမှ တံတားတည်ဆောက်ပေးမှုနှင့်ပတ်သက်၍ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများမှ ငဝန်တံတား(လေးမျက်နှာ)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက်ဒုတိယသမ္မတမှကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ တာဝန် ရှိသူများမှအမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များမှတံတားပေါ်သို့ဖြတ်သန်းကြည့်ရှုခဲ့ပါသည်။

22-Feb-2019