ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးအတွက် (WHH-ကမ္ဘာကြီးစားနပ်ရိက္ခာဖူလုံရေး အဖွဲ့)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မျိုးစေ့ပြပွဲတော်အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ (WHH)မှတာဝန်ရှိသူများ၊ (LIFT) အဖွဲ့မှတာဝန်ရှိသူများ၊ (NGO/INGO) အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများနှင့်အတူ (၂၄.၁.၂၀၁၉) ရက်နေ့၊ နံနက်(၀၉၀၀)နာရီချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်သည့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း မျိုးစေ့ကဏ္ဍဖွံ့ဖြိုးရေးအတွက် (WHH-ကမ္ဘာကြီးစားနပ်ရိက္ခာဖူလုံရေး အဖွဲ့)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မျိုးစေ့ပြပွဲတော်အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါအခမ်းအနား၌ တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် လယ်ယာကဏ္ဍကိုအခြေခံသော ဧရာဝတီတိုင်း ဒေသကြီးအတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးသဖြင့် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် အလွန်အရေးပါသည့်အခမ်းအနားဖြစ်ကြောင်း၊ (WHH) အဖွဲ့ကြီးဟာ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများ၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး စပါးမျိုးများထုတ်လုပ်သောမျိုးစေ့ခြံများကို ထောက်ပံ့ပေးခြင်း၊ မျိုးစေ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုထောက်ပံ့ပေးခြင်း၊ မျိုးစေ့အရည်အသွေးကိုစစ်ဆေးသည့် ဓါတ်ခွဲခန်းအား အဆင့်မြှင့်တင်ထောက်ပံ့ပေးခြင်း၊ မျိုးစေ့ထုတ်လုပ်သည့်ပုဂ္ဂလိကနှင့် အဖွဲ့အစည်းများချိတ်ဆက်မှု အားကောင်းလာအောင် ထောက်ပံ့ပေးခြင်းစသည့် စိုက်ပျိုးရေးကဏ္ဍမှာ အဓိကကျသည့် မျိုးစေ့ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးကို အခြေခံကျကျအထောက်အကူပြုနေတဲ့ လုပ်ငန်းများဖြစ်တဲ့ အတွက် အများကြီးအားရနှစ်သက်မှုဖြစ်ခဲ့ကြောင်း၊ လယ်ယာသီးနှံအထွက်ကောင်းဖို့ဆိုရင် ရေမြေသဘာဝကိုပြုပြင်ခြင်း၊ သွင်းအားစုများဖြစ်သည့် မြေသြဇာထည့်သွင်းသုံးစွဲခြင်းစသည့် အချက်တွေကို ဘယ်လိုပင်ပြည့်စုံအောင်ဖြည့်ဆည်းပေမယ့် အခြေခံကျသည့်မျိုးကောင်းမျိုးသန့်သာ မသုံးစွဲနိုင်ခဲ့ပါကအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ဖို့မဖြစ်နိုင်ပါကြောင်း၊ ယနေ့ပွဲသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိသည့် ဒေသပြည်သူများ၊ ကျေးလက်နေပြည်သူများ၏ စားဝတ် နေရေးတိုးတက်နိုင်ရန် သိသိသာသာအထောက်အကူဖြစ်မည့် အကျိုးဖြစ်စေမည့်ပွဲတစ်ပွဲဖြစ်ပါ ကြောင်း၊ ဒီကဏ္ဍတွင်ပါဝင်ပတ်သက်နေသည့် လယ်သမားများအပါအဝင် အဖွဲ့အစည်းပုဂ္ဂိုလ်၊ ဌာနဆိုင်ရာများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်သောအကူအညီများရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီပေးသွားမည်ဖြစ်ပါကြောင်း ဒီပြပွဲကနေရရှိလာသည့် အတွေ့အကြုံပေါ်တွင် သုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်တွေကို အောင်အောင်မြင်မြင်ဆောင်ရွက် သွားနိုင်မည်ကိုယုံကြည်ပါကြောင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့မှခင်းကျင်းပြသထားသည့် ဆိုင်ခန်းများအားလှည့်လည် ကြည့်ရှု့ခဲ့ပါသည်။

Photo By : Wai Zin

28-Jan-2019