ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် အင်္ဂပူမြို့နယ်၊ ဓမ္မင်းကျွန်း/ရေလယ်ကျွန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် (၂၀.၁.၂၀၁၉)ရက်နေ့၊ နံနက်(၀၉၀၀)နာရီအချိန်တွင်၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ အင်္ဂပူမြို့နယ်၊ ဓမ္မင်းကျွန်း/ရေလယ်ကျွန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာအလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးအမှာစကားပြောကြားခဲ့ပါသည်။

ယနေ့ပညာရေးရဲ့ သဘောသဘာဝကို ကြည့်မယ်ဆိုရင် ကလေးများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ပြီး ကလေးများကိုယ်တိုင် တီထွင်ဖန်တီးလိုစိတ်နှင့် လေ့လာသင်ယူနိုင်မည်ဆိုပါက ပို၍ကောင်းမွန်သော ပညာရေးတစ်ခု ဖြစ်နိုင်ပါကြောင်း၊ ကျောင်းအဆင့်တိုးလာပြီဖြစ်သည့်အတွက် ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများအားလုံးကလည်း တက်ညီလက်ညီနဲ့ ကျောင်းသားကျောင်းသူများကို စိတ်ဓာတ်၊ စည်းကမ်း၊ ပညာများ ပိုမိုတိုးတက်လာအောင် အားသွန်ခွန်စိုက်ဖြင့် ကြိုးပမ်းသင်ကြားစေလိုပါကြောင်း၊ နိုင်ငံတော်ကလည်း ပညာရေးကဏ္ဍကို အလေးထား၍ နိုင်ငံတော်၏ ဘတ်ဂျက်ကဏ္ဍမှာပင် ပညာရေးအသုံးစရိတ်ကိုမြှင့်၍ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး ကလေးများနှင့်အတူ တစ်သားတည်းတွေ့ဆုံ၍ အားပေးစကား၊ လမ်းညွှန်စကားမျာ းပြောကြားခဲ့သည်ကိုလည်း တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ထို့ကြောင့် အခြေခံပညာကျောင်းများကို နိုင်ငံတော်နှင့်အတူ မိဘပြည်သူများက ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ၏ ရုပ်ပတ်ဝန်းကျင်ကောင်း၊ စိတ်ပတ်ဝန်းကျင်ကောင်းများကို ဖြစ်ထွန်းပေါ်ပေါက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုပါကြောင် းပြောကြားခဲ့ပြီး ကျောင်းသုံးကွန်ပျူတာ၊ ပရင်တာ၊ ကျောင်းဆိုင်းဘုတ်လှူဒါန်းသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Photo By : Wai Zin

28-Jan-2019