ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် မြန်အောင်မြို့နယ်၊သပြေကုန်းကျေးရွာ ပညာရိပ်မွန် စာကြည့်တိုက်သို့ ရောက်ရှိ၍ စာကြည့်တိုက်အား ကြည့်ရှုခဲ့ပြီး စာကြည့်တိုက်ကော်မတီများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊တိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဌနှင့် အဖွဲ့ဝင်များသည် (၁၉.၁.၂၀၁၉)ရက်နေ့ နေ့လည်(၁၁၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊သပြေကုန်းကျေးရွာ ပညာရိပ်မွန် စာကြည့်တိုက်သို့ ရောက်ရှိ၍ စာကြည့်တိုက်အား ကြည့်ရှုခဲ့ပြီး စာကြည့်တိုက်ကော်မတီများနှင့်တွေ့ဆုံ၍ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှလှူဒါန်းသော စာအုပ်၊စာစောင်အုပ်ရေ (၁)ထောင်ကျော် နှင့်ငွေကျပ်(၂)သိန်း၊ တိုင်းဒေသကြီးစာကြည့်တိုက် ဖောင်ဒေးရှင်းမှ လှူဒါန်းသော ကျွန်းဗီဒို(၁)လုံးနှင့် စာအုပ်မျိုးစုံ၊ ခိုင်မြဲမင်းကုမ္မဏီမှ လှူဒါန်းသော အလှူငွေ (၁၀)သိန်း၊ စာပေချစ်မြတ်နိုးသူများ စုပေါင်းလှူဒါန်းသော အလှူငွေ(၄)သိန်း စုစုပေါင်း စေတနာရှင်များမှလှူဒါန်းသောအလှူငွေနှင့်ပရိဘောဂ(၂၆)သိန်းအားဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှလက်ခံရယူခဲ့ပြီးစာကြည့်တိုက် ကော်မတီအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

Photo by : Wai Zin

28-Jan-2019