ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ဟင်္သာတမြို့နယ်၊ ရွှေကူကျွန်းကျေးရွာတွင် FAW (ငမြှောင်တောင်)စုပေါင်းကာကွယ်နှိမ်နင်းခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် (၁၈.၁.၂၀၁၉)ရက်နေ့၊ နေ့လည်(၁၅၀၀)နာရီအချိန်တွင်၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ ဟင်္သာတမြို့နယ်၊ ရွှေကူကျွန်းကျေးရွာတွင် FAW (ငမြှောင်တောင်)စုပေါင်းကာကွယ်နှိမ်နင်းခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူးမှ စုပေါင်းကာကွယ်ဆေးဖြန်းခြင် းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ FAW ငမြှောင်တောင်ကျရောက်သော ပြောင်းစိုက်ခင်း (၃၅)ဧကအား ကောင်းကင်ဆေးဖြန်းကိရိယာအသုံးပြု၍ ပက်ဖြန်းနှိမ်နင်းပြသမှုတို့အား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

အဆိုပါ ကောင်းကင်ဆေးဖြန်း ကိရိယာသည် တစ်နေ့ဆေးဖြန်းချိန်(၈)နာရီတွင် ဧက (၆၀)မှ ဧက(၁၀၀)ထိ ပက်ဖြန်းနှိမ်နင်းနိုင်ပြီး ကောင်းကင်ဆေးဖြန်းကိရိယာ (၄)ခုဖြင့် ဟင်္သာတ၊ ဇလွန်မြို့နယ်များရှိ FAW ငမြှောင်တောင်ကျရောက်သော ပြောင်းစိုက်ခင်းများအား ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းမျာ လုပ်ဆာင်လျက်ရှိပါသည်။

ဆက်လက်၍ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၁၆၀၀)နာရီအချိန်တွင် မိုင်တာကွင်းတွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၆)ခရိုင် အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကာ ဆုရရှိသူများအား ဆုတံဆိပ်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Photo by : Wai Zin

28-Jan-2019