ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ညောင်တုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၇.၁.၂၀၁၉)ရက်နေ့ ၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရပါဠိတက္ကသိုလ်ကျောင်းတိုက် သတ္တမစံကျောင်းဆရာတော် ဘဒ္ဒန္တက္က္ကုန္ဒဝံသဘိဝံသ နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေဟင်္သာဝံသ သံဃမဟာနာယကာဓိပတိ ဆရာတော်ဘုရားကြီး၏ သက်တော် (၁၀၀) ပြည့်အထိမ်းအမှတ် ဓမ္မပူဇာ ဓမ္မသဘင်အခမ်းအနားသို့တက်ရောက်ကာ ဆရာတော်ဘုရားကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကက်လှူဒါန်း၍ ရေစက်သွန်းချအမျှပေးဝေခွဲပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် နံနက်(၁၁၂၀)နာရီချိန်တွင် ညောင်တုန်းမြို့နယ်၊ကျွန်းဦးကျေးရွာအုပ်စု၊ ခတ္ထိယကျေးရွာရှိ ဝါဝါဝင်းကုမ္ပဏီ(စိုက်ပျိုးမွေးမြူရေး)၊DELTA QUEEN နို့စားနွားမွေးမြူရေးခြံ အမှတ်(၁)၌ နို့စားနွားမွေးမြူထားရှိမှုများအားကြည့်ရှူ့ခဲ့ပြီး ကုမ္ပဏီမှတာဝန်ရှိသူများမှ စိုက်ပျိုးရေး၊မွေးမြူရေး၊ကုန်ထုတ်လုပ်မှုအခြေအနေများအားရှင်းလင်းတင်ပြကာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ လုပ်ငန်းခွင်အတွင်း ငါးမြစ်ချင်းအသားတိုးငါးမွေးမြူ ထုတ်လုပ်မှုအခြေအနေ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့်စပါးစိုက်ပျိုးထားရှိမှုတိုအ ခြေအနေတို့အားမော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှူ့ ခဲ့ပါသည်။ ထို့နောက် နေ့လယ်(၂း၃၀)နာရီအချိန်တွင် ဆားမလောက်ကျေးရွာ၊ဂန္ဓမာလမ်း၊ သုခမင်္ဂလာဈေးအနီး၊ မြစ်ကမ်းပါးပြိုကျမှုအခြေအနေများအားကြည့်ရှူ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များဖြည့်စွက်လမ်းညွှန်မှာကြားကာ ကျုံတမာကျေးရွာအုပ်စု၊ပဲရုံဆိပ်ကျေးရွာရှိ ထိပ်တန်း နို့စားနွားမွေးမြူရေးခြံ၌ နို့စားနွားမွေးမြူထားရှိမှုအခြေအနေများအားကြည်ရှူ့ပြီး နွားခြံပိုင်ရှင်နှင့်တာဝန်ရှိသူများမှ နို့စားနွားကောင်ရေ(၇၇)ကောင်မွေးမြူထားကြောင်းနှင့် နွားတစ်ကောင်တွင်တစ်ရက်လျှင်နွားနို့ပျမ်းမျှ(၁၁)လီတာထွက်ရှိမှုတို့အား ရှင်လင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှလိုအပ်သည်များဖြည့်စွက်မှာကြား ခဲ့ပါသည်။

Phto by : Wai Zin

18-Jan-2019