ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြောင်းမြတံတားအသစ် သံပေါင်တင် မင်္ဂလာ အပြီးသတ် ရွှေမူလီ တပ်ဆင်ပေးခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၁၃.၁.၂၀၁၉)ရက်နေ့ နံနက် (၀၇:၁၅)နာရီအချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြောင်းမြတံတားအသစ် သံပေါင်တင် မင်္ဂလာ အပြီးသတ် ရွှေမူလီ တပ်ဆင်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများမှ သတ်မှတ်နေရာထောင့်အသီးသီး၌ ရွှေမူလီများအား အဆင့်မြင့် နည်းပညာသုံး မူလီတင်းကြပ်သည့် စက်ကိရိယာဖြင့် တင်းကြပ်ပေးကာ တည်ဆောက်ဆဲ တံတားလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ် နှင့်အဖွဲ့သည် မြောင်းမြမြို့ နယ် ရှုခင်းသာရွာ၊ ပဋိပတ္တိစွမ်းအား တောရဓမ္မရိပ်သာ ဆရာတော် ဘဒ္ဒန္တသူရပ္ပတိ ကြီးမှူးကျင်းပသော ဗုဒ္ဓဝါဒီ ဦးသူတော် မျိုးနွယ်စု (၅၂၈)ပါး ရှင်ပြုရဟန်းခံ အလှူတော် မင်္ဂလာပွဲသို့တက်ရောက်၍ သံဃာတော်အရှင် သူမြတ်များအား သိမ်ဆင်းလောင်းလှူပူဇော် ခဲ့ကြောင်း သတင်းရရှိသည်။

18-Jan-2019