ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနနှင့် ကရင်စာပေယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းကျင်းပသော (၂၇၅၈)နှစ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲအခမ်းအနားသို့ တက်ရောက်

နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ အပစ်အခတ်ရပ်စဲရေး (၂၁)ရာစု ပင်လုံညီလာခံကြီးကိုလည်း တတိယအကြိမ်မြောက် အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ပါသည်။ တိုင်းဒေသကြီးအတွင်းတွင်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စုစည်းနေထိုင်လျက်ရှိရာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မြဲရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၁.၂၀၁၉)ရက်နေ့၊ နံနက်(၀၈၃၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးတု့ိ လိုက်ပါလျက် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ တောင်စုကျေးရွာတွင်ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနနှင့် ကရင်စာပေယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းကျင်းပသော (၂၇၅၈)နှစ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲအခမ်းအနားသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ KNU ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူတက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မန်းဂျော်နီမှ မင်္ဂလာဖားစည်တီး၍ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံမှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲတော်အတွက် ပေးပို့သောသဝဏ်လွှာအား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကဖတ်ကြားခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကာ ကရင်ရိုးရာကောက်သစ်စားပွဲအား အတူတကွပါဝင်ဆင်နွှဲခဲ့ကြပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ရိုးရာပြခန်းအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။
10-Jan-2019