ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၈ - ၂၀၁၉ ခုနှစ် ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခြေခံပညာကျောင်းပေါင်းစုံ ကာယစွမ်းရည်ဖော်ထုတ်ပွဲဖွင့်ပွဲသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၅.၁.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၈ - ၂၀၁၉ ခုနှစ် ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခြေခံပညာကျောင်းပေါင်းစုံ ကာယစွမ်းရည်ဖော်ထုတ်ပွဲဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာတွင် နိုင်ငံတော် အနေဖြင့် အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအတွက် အားကစားလှုပ်ရှားမှု ၊ အားကစားလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယခုလို ပညာရေးစုံညီပွဲတော်မှာ ဉာဏစွမ်းရည်ပြိုင်ပွဲသာမကဘဲ ကာယစွမ်းရည်ဖော်ထုတ်ပွဲအနေဖြင့် ပြေး၊ ခုန်၊ ပစ် အားကစားပြိုင်ပွဲများကို မြို့နယ်အဆင့်၊ တိုင်းအဆင့်ဖြင့် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှစ၍ ကျင်းပပေးလျက်ရှိကြောင်း၊ မောင်မယ်တို့မှလည်း စာပေဆိုတဲ့ ဉာဏတစ်ခုထဲ မဟုတ်ဘဲ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဆိုတဲ့ဘက်စုံပညာရေးကို အကောင်အထည်ဖော်နေခြင်းဖြစ်တယ်ဆိုတာ သဘောပေါက်နားလည်ရန် လိုအပ်ပါကြောင်း၊ ကျောင်းသူ/ကျောင်းသားများ အနေဖြင့်လည်း တိုင်းဒေသကြီးဂုဏ်ဆောင် လက်ရွေးစင်ကစားသမားများဖြစ်အောင် ကြိုးစားစေလိုကြောင်းနှင့် ကာယစွမ်းရည်ဖော်ထုတ်ပွဲကို ကျင်းပပြုလုပ်ခွင့်ပေးသော ပညာရေးဝန်ကြီးဌာနကိုလည်း မောင်မယ်တို့ကိုယ်စား ဝမ်းသာကျေနပ်မိပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် အားကစားအဖွဲ့များမှ အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆိုကာ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းသူလေးများမှ ပန်းပွားအကတို့ဖြင့် သရုပ်ပြတင်ဆက်ခဲ့ပြီး အားကသားပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျား/မ (မီတာ ၁၀၀)၊ အထက်တန်းအဆင့် ကျား/မ (မီတာ ၁၀၀)ဗိုလ်လုပွဲ ယှဉ်ပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်များအလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

10-Jan-2019