ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့ ကျက်သရေတော်ဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပွဲတော် ရွှေစင်ရွှေပြားနှင့် အလှူရှင်များ လှူဒါန်းမှု ရေစက်ချမင်္ဂလာ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၅.၁.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရွှေမုဋ္ဌောမဟစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရာတွင် ငှက်ပျောဖူးတော်၌ ကပ်လှူပူဇော်ထားမည့် (၆" x ၆")ပတ်လည် (၁)ကျပ်သား ရွှေစင်ရွှေပြားများကပ်လှူရန်အတွက် လှူဒါန်းကြသည့်အလှူရှင်များ၊ အလှူငွေ (၁)သိန်းနှင့်အထက် လှူဒါန်းကြသည့်အလှူရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့ ကျက်သရေတော်ဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပွဲတော် ရွှေစင်ရွှေပြားနှင့် အလှူရှင်များ လှူဒါန်းမှု ရေစက်ချမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

‌အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုကန်တော့၍ ညောင်ပင်သာကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ပူဇော်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ပတ်သက်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဘုရားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးဇော်တင့်မှ ရွှေသင်္ကန်းကပ်လှူရန် ဆောင်ရွက်ထားရှိမှုနှင့် အလှူငွေ လက်ခံရရှိမှုတို့အား ရှင်းလင်းတင်ပြကာ အလှူရှင်များကိုယ်စား ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့မှ ညောင်ပင်သာကျောင်းတိုက်ဆရာတော်ကြီးထံသို့ ရွှေစင်ဆက်ကပ်လှူဒါန်းခြင်းနှင့် အလှူတော်ငွေများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် အလှူရှင်များမှ ဆက်ကပ်လှူဒါန်ခြင်း၊ ကျပ် (၁)သိန်းနှင့်အထက် အလှူရှင်များအား ဘုရားဂေါပကအဖွဲ့မှ စေတီတော်ကြီး၏ ပုံတော်များအား ဓမ္မဒါန ပြန်လည်ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး မောင်းထောင်ကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနတရား နာကြား၍ အလှူရှင်များ၏ အလှူငွေပေါင်း (၁၄၈၂)သိန်းကျော်အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့ပြီး ကြွရောက်လာသော ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်ခဲ့ပါသည်။

10-Jan-2019