ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်

မြန်မာတို့သည် ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်ခဲ့ကြပြီး မြန်မာကို နယ်ချဲ့များက ကျူးကျော်စစ် (၃)ကြိမ်ဆင်နွှဲသိမ်းပိုက်ခဲ့ရာမှ ထီးသုဉ်းနန်းသုဉ်းဖြစ်ကာ ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ပါသည်။ သူ့ကျွန်ဘဝက လွတ်မြောင်ရန်အတွက် မြန်မာပြည်တစ်ဝန်းလုံး တောင်ပေါ်မြေပြန့်မကျန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အသက်သေက်ချွေး မြောက်များစွာစတေးပြီး ကြိုးပမ်းခဲ့ကြသည်။ မြန်မာ့လွတ်လပ်ရေးအောင်ပန်းကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ရရှိခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် (၇၁)နှစ်မြောက်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၄.၁.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊
တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာမျာစ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်ကာ နိုင်ငံတော်သမ္မတမှ ပေးပို့သော လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများအား ကြည့်ရှုအားပေးပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

10-Jan-2019