ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ပဉ္စမအကြိမ် သားဖွားဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်ရေးလုပ်ငန်းသည် အရေးကြီးသော လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏လူဦးရေ(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေလူတန်းစားဖြစ်ပြီး ကျေးလက်ပြည်သူများ၏ ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေတင်သာမက အဓိကကျသော မိခင်သေဆုံးနှုန်း၊ ကလေးသေဆုံးနှုန်းများ၊ လျော့ချရန်အတွက် ကျွမ်းကျင်သော သားဖွားဆရာမများ မွေးထုတ်ပေးရန် လိုအပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် (၂.၁.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးနှင့် တာဝန် ရှိသူများ၊ သင်တန်းသူ/သင်တန်းသားများနှင့်အတူ ပဉ္စမအကြိမ် သားဖွားဒီပလိုမာအပ်နှင်းပွဲသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချူပ်မှ အမှာစကားပြောကြားရာ မြန်မာနိုင်ငံသည် နုနယ်သော ဒီမိုကရေစီနိုင်ငံအနေဖြင့် စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသော နိုင်ငံဖြစ်တာနှင့်အညီ ကျန်းမာရေးပြုစုစောင့်ရှောက်မှုသည် စိန်ခေါ်မှုတစ်ရပ်အနေဖြင့် တည်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍတွင် သားဖွားဆရာမများသည် မရှိမဖြစ် အရေးပါလှပါကြောင်း၊ သားဖွားသစ်လွင်များအနေဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ခြင်းဖြင့် ပရဟိတလုပ်လို့ရပြီး ကုသိုလ်ရသောအလုပ်ဖြစ်၍ ကောင်းမွန်သော စိတ်ထားတတ်ရန်လိုအပ်ပါကြောင်း၊ ပြောင်းလဲတိုးတက်နေသော ဒီမိုကရေစီ နိုင်ငံတော်ကြီးတွင် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် အရေးပါသောကြောင့် မိမိတို့တက်ကျွမ်းသောအတက် ပညာဖြင့် ပြည်သူလူထုနှင့်နိုင်ငံတော်ကြီးအတွက် အလုပ်အကျွေးပြု ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ လုပ်ငန်းခွင်ဝင်မည့် သင်တန်းသူသစ်လွင်သားဖွားများက ခံယူအပ်သော သစ္စာဓိဌာန်(၈)ချက်ရွတ်ဆိုခဲ့ပါသည်။

Photo By : Wai Zin

03-Jan-2019