ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မအူပင်မြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်သို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၃၀.၁၂.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မအူပင်မြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်နှင့် စာအုပ်ဈေးရောင်းပွဲတော်သို့ တက်ရောက်ခဲ့ပြီး အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ကျောင်းသား ကျောင်းသူလေးများက ကလေးစာပေပွဲတော် တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ပြီး ဝန်ကြီးချုပ်မှ အမှာစကားပြောကြားကာ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးစာပေပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မအူပင်ခရိုင်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများက အကများဖြင့် ဖျော်ဖြေခဲ့ကြပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားသည့် စာအုပ်ဈေးရောင်းပွဲတော်နှင့်ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။

03-Jan-2019