ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစား လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပြီး ငသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၌ စိန်ရတုစာကြည့်တိုက်တွင် သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာသန်းထွန်း၏ ပုံတူရုပ်ထု စိုက်ထူသည့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၉.၁၂.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်အတူ တိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ လူထုအားကစား လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပြီး ပုသိမ်မြို့၊ ရှုခင်းသာ၌ အားကစားလေ့ကျင်ခန်းများ ပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် (၁၀၀၀)အချိန်တွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့၊ ငသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၌ စိန်ရတုစာကြည့်တိုက်တွင် ငသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း စိန်ရတု အထိမ်းအမှတ်အဖြစ် ကျောင်းသား/ သူဟောင်းများမှ ကျင်းပပြုလုပ်သော သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာသန်းထွန်း၏ ပုံတူရုပ်ထု စိုက်ထူသည့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာသန်းထွန်း၏ ပုံတူရုပ်ထုဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားခဲ့ပါသည်။

03-Jan-2019