ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် လပွတ္တာမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မြောင်းမြတံတား တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၆.၁၂.၂၀၁၈)ရက်နေ့တွင် လပွတ္တာမြို့၊ မြို့တည်နှစ် (၁၀၀)ပြည့်ပွဲတော်နှင့် မြို့ဝင်မုဒ်ဦးဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လပွတ္တာမြို့ သာသနာ့ဗိမ္မာန်တော်ကြီးတွင် လပွတ္တာမြို့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် သံဃာအပါး (၁၀၀)အား ဆွမ်း၊ သင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့လေးထပ်ပရိယတ္တိစာသင်တိုက်အတွင်း လပွတ္တာမြို့ နှစ်တစ်ရာပြည့်အထမ်းအမှတ် ပန်းချီနှင့်ရှေးဟောင်း စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် လပွတ္တာမြို့၊ ကမ်းနားလမ်းရှိ ဆိပ်ကမ်းသာတံတားသစ်နှင့် ရာပြည့်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နေသူရိန် အားကစားကွင်းတွင်း ရာပြည့်ပွဲတော် ကျင်းပပြုလုပ်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်းရှိ လပွတ္တာမြို့ နှစ်တစ်ရာပြည့်မော်ကွန်းကျောက်စာအား တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်သည် လပွတ္တာမြို့ ဗိုလ်ချုပ်ပန်းခြံမုဒ်ဦးအား တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့မှ ဆက်လက်ထွက်ခွာခဲ့ပြီး လပွတ္တာ(ပင်လယ်လေး)တံတားအဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေနှင့် မြောင်းမြကြိုးတံတားအသစ် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုခဲ့ပါသည်။

Photo By : Wai Zin

03-Jan-2019