ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရန်ကုန်လေဆိပ်မှ ပုသိမ်လေဆိပ်သို့ ပထမဆုံးအကြိမ် ပြေးဆွဲဆိုက်ရောက်လာသည့် Myanmar National Airlines (MNA) ATR/72-600 လေကြောင်းလိုင်းဖြင့် လိုက်ပါလာကြသည့် International Travel Asia(ITA)မှ တာဝန်ရှိသူများ နှင့် ခရီးသွားအာမခံကုမ္ပဏီတစ်ခု ဖြစ်သည့် Global World Insurance Co.,Ltd မှ တာဝန်ရှိသူများအား ကြိုဆိုနှုတ်ဆက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၅.၁၂.၂၀၁၈)ရက်နေ့၊ (၁၆၁၅) နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်လေဆိပ်မှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်လေဆိပ်မှ ပုသိမ်လေဆိပ်သို့ ပထမဆုံးအကြိမ် ပြေးဆွဲဆိုက်ရောက်လာသည့် Myanmar National Airlines (MNA) ATR/72-600 လေကြောင်းလိုင်းဖြင့် လိုက်ပါလာကြသည့် International Travel Asia(ITA)မှ တာဝန်ရှိသူများ နှင့် ခရီးသွားအာမခံကုမ္ပဏီတစ်ခု ဖြစ်သည့် Global World Insurance Co.,Ltd မှ တာဝန်ရှိသူများအား ကြိုဆိုနှုတ်ဆက်ခဲ့သည်။

အဆိုပါ Myanmar National Airlines (MNA) သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငွေဆောင်၊ ချောင်းသာ ကမ်းခြေဒေသများသို့ အချိန်တိုအတွင်း နိုင်ငံခြားသားခရီးသွားများ လာရောက်လည်ပတ်စေနိုင်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရာတွင် ပိုမိုလွယ်ကူလျင်မြန်စေရေး၊ ပုသိမ်လေဆိပ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် International Travel Asia(ITA)နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပုသိမ်-ရန်ကုန်၊ ရန်ကုန်-ပုသိမ် ခရီးစဉ်အား ရက်သတ္တ တစ်ပတ်လျှင်(၄)ရက် (တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ စနေ နေ့များတွင်) ပြေးဆွဲပေးသွားမည် ဖြစ်ရာ နိုင်ငံခြားသားတစ်ဦးလျှင် ပုသိမ်-ရန်ကုန်ခရီးစဉ်အတွက် 53$၊ ရန်ကုန်-ပုသိမ်ခရီးစဉ်အတွက် 55$၊ မြန်မာနိုင်ငံသားတစ်ဦးလျှင် ပုသိမ်-ရန်ကုန် ခရီးစဉ်အတွက် ၅၃၀၀၀ိ/-၊ ရန်ကုန်-ပုသိမ်ခရီးစဉ်အတွက် ၅၅၀၀၀ိ/-နှုန်းတို့ ဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။

Photo by : Wai Zin

 

 

03-Jan-2019