ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ရွှေပါရမီပဲနို့ဖောင်ဒေးရှင်းနှင့်မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း(ဧရာဝတီ)တို့မှ ပဲနို့တိုက်ကျွေးလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ (၂၂.၁၂.၂၀၁၈)ရက်၊ နေ့လည်(၁၃၀၀)နာရီတွင် ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် ရွှေပါရမီပဲနို့ဖောင်ဒေးရှင်းနှင့်မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း(ဧရာဝတီ)တို့မှ ပဲနို့တိုက်ကျွေးလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ရာတွင် ယနေ့ကျောင်းသားကျောင်းသူများကို ပဲနို့အာဟာရတိုက်ကျွေးခြင်းမှာ နိုင်ငံတော်အတွက် အနာဂတ်မှာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီးကောင်းမွန်တဲ့ လူသားအရင်းအမြစ်ဖြစ်လာစေမည့် ကျောင်းသားကျောင်းသူတွေကို ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုပြီး အတက်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့(သို့မဟုတ်)ပဲနို့အဟာရတိုက်ကျွေးရန် လိုအပ်ကြောင်း၊ ဒီလိုတိုက်ကျွေးတဲ့နေရာမှာ နွားနို့မတိုက်နိုင်ရင်တောင် ပဲနို့ကိုတိုက်သင့်ကြောင်း၊ ပဲနို့တွင်မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းနဲ့ အိုမီဂါသရီး အိုမီဂါစစ်လင် နိုလမ်းနစ်အယ်လ်ဖာလင်နိုလမ်းအက်စစ်တို့ ကြွယ်ဝစွာပါဝင်ကြောင်း၊ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန် နေ့စဉ်သောက်သုံးသင့်ကြောင်း၊ ပါဝင်သောအဆီဓာတ်က ဆီဓာတ်သကြားဓာတ်နှုန်းထားသည့် နွားနို့ထက် ပိုမိုကောင်းမွန်ပြီး နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ ကင်စာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့လည်း အနာဂါတ်မျိုးဆက်သစ်လူငယ်များ အသိဉာဏ်ပိုမိုရင့်သန်လာစေရေး ဆောင်ရွက်လျက်ရှိရာ လူငယ်လူရွယ်များ ကြံ့ခိုင်ပြီး ဉာဏ်ပညာတိုးတက်စေရန်အတွက် ပဲနိုးသောက်သုံးခြင်းသည် တဝ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေမှာ အမှန်ပင်ဖြစ်ကြောင်း၊ ပဲနို့တွင်ကယ်လ်ဆီယန် ပါဝင်တာကြောင့် အရိုးများ ကျန်းမာပြီး အရိုးပွရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ကြောင်း၊ ကလေးများကြီးထွားဖွံ့ဖြိုးစေသော နို့တိုက်ကျွေးဖို့ကို နိုင်ငံတော်ကဆောင်ရွက်နေကြောင်း၊ ဒီလိုအဟာရပြည့်ဝစေတဲ့ ပဲနို့ရည်ကိုတိုက်ကျွေးပေးတဲ့ အလှူရှင်များကိုလည်း ကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ ပရဟိတစိတ်ထက်သန်တဲ့ဆရာတော်သံဃာတော်များရဲ့ ဩဝါဒနှင့်အညီ တက်ကြွလှုပ်ရှားသူများဖြင့် ဦးဆောင်ဖွဲ့စည်းထားတဲ့ မြို့နယ် ပဲနို့အာဟာရဖောင်ဒေးရှင်းအနေဖြင့်လည်း ဖွဲ့စည်းဆောင်ရွက်တဲ့ သက်တမ်းအနည်းငယ်အတွင်းမှာပဲ နို့တိုက်ကျွေးတဲ့ လှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ခဲ့လို့ များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဒီအစဉ်အလာကောင်းကိုဆက်လက်ထိန်းသိမ်းပြီး ဆထက်တပိုးကြိုးစားဆောင်ရွက်သင့်ပါကြောင်း၊ ကူညီဆောင်ရွက်ပံ့ပိုးလှူဒါန်းပေးလျက်ရှိတဲ့ရွှေပါရမီပဲနို့ဖောင်ဒေးရှင်းကိုလဲ ကျေးဇူးတင်ပါကြောင်း၊ သားငယ်သမီးငယ်များအနေနဲ့လည်းပဲနို့၏အကျိုးရှိပုံကိုသိရှိပြီးအာဟာရပြည့်ဝစွာသောက်သုံးနိုင်ပါစေလို့ဆန္ဒပြုပြောကြားခဲ့ပြီးနောက် ဆရာတော်များအားလှူဝယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ပြီးကျောင်သားကျောင်းသူ(၁၅၀၀)ဦးအားပဲနို့အာဟာရတိုက်ကျွေးခဲ့ပါသည်။

03-Jan-2019