ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အ.ထ.က လှော်ကထားကျောင်းဆောင်လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ (၂၂.၁၂.၂၀၁၈) ရက်နေ့၊ နံနက်(၀၉၀၀)နာရီတွင် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အ.ထ.က လှော်ကထားကျောင်းဆောင်လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာပတ်ဖြန်း၍ အခမ်းအနား၌ အမှာစကားပြောကြားရာတွင် ကျောင်းဆောင်ကြီးကို ပြုပြင်ဆောက်လုပ်လှူဒါန်းသော အလှူရှင်များဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တစ်ဖက်တလမ်းကနေ ကူညီနေသူများဖြစ်ကြောင်း၊ အလှူရှင်များ စုပေါင်း၍ (၁၈၀ပေ×၃၀ပေ)ရှိတဲ့ ပင်းမကျောင်းဆောင်ကြီးကို တိုင်နှင့်အခင်းသာချန်ပြီး အုတ်မြစ်ချကာနံရံများ၊ အုတ်ပက္ကားတက်ခြင်း၊ အမိုးအသစ်မိုးခြင်း၊ မျက်နှာကျက်တို့ပြုလုပ်ခြင်းတို့ကို ကျပ်(၇၀၂)သိန်းအကုန်ကျခံကာ ပြုလုပ်လှူဒါန်းခဲ့တာ သိရှိရတဲ့အတွက် အလှူရှင်များအားလုံးကို နိုင်ငံတော်ကိုယ်စား အစိုးရအဖွဲ့ကိုယ်စာ းကျေးဇူးတင်ကြောင်း၊ ကျောင်းသားကျောင်းသူတွေအတွက် ရုပ်ပတ်ဝန်းကျင်များကို ဆောင်ရွက်ပေးနေသကဲ့သို့ စိတ်ပတ်ဝန်းကျင်လဲ ဖန်တီးပေးရန်လိုကြောင်း၊ ဆရာ/ဆရာမသာမကဘဲ မိဘများကပါ ပါဝင်ဆောင်ရွက်ရန်လိုကြောင်း၊ ဒါမှသာနိုင်ငံတော်ကိုချစ်သော စိတ်ဓာတ်ရှိသော ကလေးများပတ်ဝန်းကျင်လောကကို အလှဆင်ပေးနိုင် ကလေးများအမှားအမှန်ပိုင်းခြားနိုင်သော ကလေးများ၊ ခံယူချက်ကောင်းမွန်သောကလေးများ ဖြစ်လာနိုင်ကြောင်း၊ ကလေးများကို စိတ်သဘောထားခံယူချက် ကောင်းမွန်အောင်ပြုစုပေးရန်လိုကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်အခြေခံကျောင်းများသို့ သွားရောက်ပြီး ကလေးများနှင့်တစ်သားတည်းတွေ့ဆုံ၍ အားပေးစကား၊ လမ်းညွှန်စကားမျာ းပြောကြားခဲ့ကြောင်း၊ ထို့ကြောင့်နိုင်ငံတော်နှင့်အတူအခြေခံပညာကျောင်းများကို မိဘပြည်သူများက ပူးပေါင်းပါဝင်၍ ကျောင်းသားကျောင်းသူများ၏ ရုပ်ပိုင်စိတ်ပိုင်းဝန်းကျင်ကောင်းများကို ဖြစ်ထွန်းပေါ်ပေါက်လာအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာမျာ းပေးအပ်ခဲ့ပါသည်။

03-Jan-2019