ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း (၁၃၀ × ၃၀)ပေ ကံ့ကော်နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ်၊ကျိုက်ပိအခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း ကြည့်ရှု

ယနေ့မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်လျက်ရှိရာ ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးချဲ့ခွဲဝေပေးလျက်ရှိပါသည်။ တိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍတိုးတက်မြင့်မားရေးအတွက် အခြေခံပညာ စာသင်ကျောင်းများ အဆင့်မြှင့်တင်ခြင်းကိုလည်း ကြိုးစားဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည်လည်း အလွန်အရေးပါလျက်ရှိပါသည်။ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဝိနယရံသီကျောင်း၊ နာယကစာချ ဆရာတော် ဘဒ္ဒန္တပညိန္ဒာဘိဝံသ၏ သက်တော်(၅၀)နှစ်ပြည့် ရွှေရတုမွေးနေ့ အထိမ်းအမှတ်အဖြစ် ဆရာတော်၏ ဦးဆောင်လမ်းညွှန်မှု၊ တပည့်ဒါယကာဒါယိကာမများ၏ စုပေါင်းလှူဒါန်းမှု၊ ကျေးရွာနေပြည်သူများ၏ စုပေါင်းပါဝင်မှုတို့ဖြင့် ဆောက်လုပ်ပြီးစီးသော ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း (၁၃၀ x ၃၀)ပေ ကံ့ကော်နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိဌာနဆိုင်ရာများနှင့်အတူ တက်ရောက်၍ ကျောင်းဆောင်သစ်အား ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းကျောက်စာတိုင်အား အမွှေးနံ့သာများဖြင့် ပက်ဖြန်းကာ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ ကျောင်းဆောင်သစ်ကြီးသည် သိန်း(၁၄၀၀)ကျော်တန်ဖိုးရှိပြီး စာရေးထိုင်ခုံ ပရိဘောဂများ၊ မီဒီယာပစ္စည်းများ၊ သောက်ရေကန်၊ အုတ်တံတိုင်း၊ ကွန်ကရစ်လမ်းများ၊ (၆)ခန်းတွဲသန့်စင်ခန်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် သိန်း(၁၇၀၀)ကျော်ကို လှူဒါန်းပေးသည့်အတွက် ကျောင်းသား/ ကျောင်းသူမျာ းအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပြီး ဒေသအတွင်းပညာရေးအဆင့်အတန်း တိုးတက်မြင့်မားလာမှာ ဖြစ်ပါသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ကျိုက်ပိအခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း ကြည့်ရှုစစ်ဆေးကာ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများမှ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တင်ပြမှုများ၊ ကျောင်းမိလ္လာစနစ်နှင့်အဆောက်အဦများတိုးတက်ကောင်းမွန်ရေး၊ အခြေခံပညာအထက်တန်းအောင်ချက်မြင့်မားရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ပညာသင်ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

03-Jan-2019