ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဗဟိုအဖွဲ့နှင့် UNODC တို့မှ ပူးပေါင်းကျင်းပပြုလုပ်သော တိုင်းဒေသကြီးအဆင့် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒနှင့် ပတ်သက်ပြီး ထုတ်လုပ်မှုလျော့ချရေး အစားထိုးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အမှာစကား ပြောကြား

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၇.၁၂.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဗဟိုအဖွဲ့နှင့် UNODC တို့မှ ပူးပေါင်းကျင်းပပြုလုပ်သော တိုင်းဒေသကြီးအဆင့် အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒနှင့် ပတ်သက်ပြီး ထုတ်လုပ်မှုလျော့ချရေး အစားထိုးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပါသည်။
03-Jan-2019