ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ပုသိမ်)၌ ကျင်းပပြုလုပ်သည့် ပထမအကြိမ် GTHS အောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်နေ့၊ (၀၉၀၀) နာရီအချိန်တွင် တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) ကျောင်းအုပ်ကြီး၊ ကထိက/လက်ထောက်ကထိက/နည်းပြဆရာ၊ ဆရာမများ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း ဒုတိယနှစ် စာမေးပွဲ အောင်မြင်ခဲ့ကြသူများနှင့်အတူ ပုသိမ်မြို့၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ပုသိမ်)၌ ကျင်းပပြုလုပ်သည့် ပထမအကြိမ် GTHS အောင်လက်မှတ်ပေးအပ်ပွဲ
အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် နည်းပညာနှင့် သက်မွေးပညာ ကျွမ်းကျင်သော လူငယ်လူရွယ်များ၊ နည်းပညာနှင့် သက်မွေးပညာ ကျွမ်းကျင်သူ ခေတ်ပညာတတ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အစိုးရနည်း ပညာအထက်တန်းကျောင်း(ပုသိမ်) အနေဖြင့် နည်းပညာနှင့်အသက် မွေးဝမ်းကြောင်းအတတ်ပညာများ သင်ကြားပို့ချ၍ ပြုစုပျိုးထောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၎င်းသင်တန်းများအပြင် သက်မွေးပညာများဖြစ်သော ကာလတိုသင်တန်းများ ဖွင့်လှစ်လျက်ရှိရာ အလုပ်အကိုင် အခွင့်အလမ်းများအတွက် လိုအပ်လျက်ရှိသော ကျွမ်းကျင် လုပ်သားများကိုလည်း မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာ တိုးတက်မှသာ နိုင်ငံ၏ လူနေမှုဘဝ အခြေအနေ တိုးတက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အသက်မွေးဝမ်း ကြောင်းပညာ၏ ကဏ္ဍဖွံ့ဖြိုးတိုးတက် လာမှုကြောင့် ယနေ့လူငယ်တို့၏ဘဝ သာယာလှပပြီး ယုံကြည်မှုပြည့်ဝသော လူငယ်များ မွေးထုတ်နိုင်ခဲ့သည်မှာ ယနေ့ကျင်းပသော အခမ်းအနားက သက်သေပြုလျက်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ပြီး အစိုးရနည်းပညာ အထက်တန်းကျောင်း(ပုသိမ်) ကျောင်းအုပ်ကြီးမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ ဒုတိယနှစ် စာမေးပွဲ အောင်မြင်ခဲ့ကြသူများအား GTHS အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

03-Jan-2019