ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်သည် စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခွန်ထမ်းစာရင်းများ ပြုစုကောက်ခံခြင်းနှင့် စွန့်ပစ်အမှိုက်သိမ်းဆည်းခြင်းဆိုင်ရာ အချက်အလက်များ ကောက်ခံခြင်း၊ နည်းပညာလက်တွေ့အသုံးချသင်တန်း အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်သည် (၁၆.၁၁.၂၀၁၈)ရက်နေ့တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် အာရှဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခွန်ထမ်းစာရင်းများ ပြုစုကောက်ခံခြင်းနှင့် စွန့်ပစ်အမှိုက်သိမ်းဆည်းခြင်းဆိုင်ရာ အချက်အလက်များ ကောက်ခံခြင်း၊ နည်းပညာလက်တွေ့အသုံးချသင်တန်း အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးစည်ပင်သာယာရေး ခေတ္တညွှန်ကြားရေးမှူး ဦးနိုင်လင်းမောင်နှင့် စည်ပင်သာယာရေးအဖွဲ့ အမှုထမ်း၊ အရာထမ်းများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကွက်သန့်ရှင်းသာယာလှပရေး အထောက်အကူပြု ကော်မတီဝင်များနှင့်အတူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အာရှဖောင်ဒေးရှင်းတာဝန်ခံမှ အမှာစကား ဆက်လက်ပြောကြားပြီး သင်တန်းအား ဆက်လက်ပို့ချခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

19-Nov-2018